Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၌ ကျပ်သိန်း ၈၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ ဧပြီ ၂၂ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် ငွေကျပ်သိန်း ၈၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပင်လည်ဘူး- ကောလင်းသွား ကားလမ်းမကြီး မြေလင်းနှင့် ပန်းခူးကျေးရွာကြား၌ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသော အိတ်အား ရှာဖွေစစ်ဆေးရာ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသော ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင် အမှုန့် တစ်ခွက်လျင် (၁၀)ဂရမ်ပါ ဆပ်ပြာခွက် ၆၆ ခွက် ကာလတန်ဖိုး ငွေကျပ်သိန်း ၆၆၀ ကျပ်နှင့် WY စာတန်းပါ စိတ်ကြွ ဆေးပြား ၁၉၀ ပြားပါ အထုပ် ၂၀ ထုပ်၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၉၀ ကျပ်၊ စုစုပေါင်း ငွေကျပ်သိန်း ၈၅၀ တန်ဖိုးရှိမူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117