Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး မေလ ၁၄ရက်နေ့တွင် ကျင်းပမည်

ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပမည့် ကြေညာချက်အားတွေ့ရစဉ်(ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်ရုံး)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို ယခုနှစ် မေလ ၁၄ရက်နေ့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ကြေညာချက်အရ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ် တော်ဆိုင်ရာဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၅ ရက် (၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်) တနင်္လာနေ့၊ ၁၃း၃၀ နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117