Connect with us

Politics, Law & Military

စစ်တွေမြို့ ကယ်ဆယ်ရေးစခန်း၌ အမျိုးသမီး တစ်ဦး သေဆုံး

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ အမှတ်တံဆိပ်အားတွေ့ရစဉ်(ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဖေဖေါ်ဝါရီ ၂ ရက် နံနက် ၆ နာရီတွင် စစ်တွေမြို့ သဲချောင်းကျေးရွာရှိ မော်သီးညှာ ကယ်ဆယ်ရေးစခန်း အဆောင် (၁)၊ အခန်း (၄) နေ ၂၈ နှစ် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အမျိုးသမီးသည် နေအိမ်အခန်း အတွင်း လည်ပင်း၌ ၆ လက်မခန့် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေပြီး အနီးတွင် အရိုးအသွား ၈ လက်မခန့် ရှိ ဓား တစ်ချောင်းအား တေ့ွရှိခဲ့ကြောင်း သိရသည်။ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ ခင်ပွန်းဖြစ်သူအား စစ်ဆေးမေးမြန်းရာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ ညတွင် ၎င်းနှင့်အတူ အိပ်ယာဝင်ခဲ့ပြီး နံနက် ၆ နာရီတွင် အိပ်ယာနိုးစဉ် ဇနီးမှာ ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း ထွက်ဆိုခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (Xinhua)