Connect with us

Politics, Law & Military

နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် တရားမဝင်သစ် တန် ၁၈၀ ကျော်အား ရက်သတ္တပတ် အတွင်း ဖမ်းဆီးရမိ

တရားမ၀င်သစ်များ ဖမ်းဆီးရမိမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Forest Department)

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် ရက်သတ္တပတ် အတွင်း တရားမဝင်သစ် တန် ၁၈၀ ကျော်အား ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ တိုင်းဒေသကြီး/ပြည်နယ်များတွင် စက်တင်ဘာ ၂ ရက်မှ ၈ ရက် အထိ တရားခံ ၂၃ ဦး နှင့် တရားမဝင် ကျွန်း/သစ်မာ/အခြား စုစုပေါင်း ၁၈၁.၇၂၁၇ တန် ၊ ယာဉ် ၈ စီး ၊ တရားမဝင် သစ်စက် အင်ဂျင် ၆ လုံး နှင့် ဆက်စပ် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ် ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက် အရ ကချင် ပြည်နယ် ၊ ကယား ပြည်နယ် ၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ တနင်္သာရီ တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေး တိုင်းဒေသကြီး ၊ မန္တလေး တိုင်းဒေသကြီး ၊ နေပြည်တော် ကောင်စီနယ်မြေ ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဧရာဝတီ တိုင်းဒေသကြီး တို့အတွင်း ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.