Connect with us

Politics, Law & Military

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်ပိုင်းများ ပြန်လည် ဖွဲ့စည်းရေး လုပ်ဆောင်နေဟု ဆို

နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ခေါင်းဆောင်ပိုင်းများ ပြန်လည်ဖွဲ့စည်းရေးများ လုပ်ဆောင်နေကြောင်း ပါတီ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ယနေ့ ပြောကြားသည်။

အဆိုပါ ပါတီမှ ဧပြီလ ၂၃ ရက်တွင် သူရ ဦးရွှေမန်း အပါအဝင် ၁၇ ဦးကို ဥပဒေနှင့် အညီ ထုတ်ပယ်ပြီးနောက် ပါတီ ခေါင်းဆောင်ပိုင်းနှင့် ပါတီ တစ်ခုလုံး ပြန်လည် နေရာချ ဖွဲ့စည်းနေကြောင်း ၎င်းက ဆိုသည်။

“ ၁၇ ဦးထုတ်ပယ်မှုကို ဥပဒေနဲ့ အညီ လုပ်ခဲ့တယ်၊ သူ့အကြောင်း၊ အချက်နဲ့ ဥပဒေအတိုင်း လုပ်ခဲ့တယ်၊ ပါတီ ပြန်လည် ဖွဲ့စည်းရေးတွေ လုပ်နေတယ်၊ သြင်္ကန် ပိတ်ရက်တွေ ခံနေတော့ ခုလုပ်နေတယ်၊ အဘတို့လဲ ဘယ်နေရာ ဘယ်လို ပြန်ဖြစ်မလဲ မသိသေးဘူး”ဟု ၎င်းက ပြောသည်။

ယင်းပါတီကို သမ္မတဟောင်း ဦးသိန်းစိန် ဥက္ကဋ္ဌ နေရာ၌ ပြန်လည် တာဝန် ထမ်းဆောင်ပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲ ဖြစ်ခဲ့သည်။

သူရ ဦးရွှေမန်း အပါအဝင် ၎င်းခမည်းခမက် တော်စပ်သူ ဇေကမ္ဘာ ဦးခင်ရွှေ၊ ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင် ဦးမောင်မောင်သိမ်း၊ ယခု သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ ဦးဇော်မြင့်ဖေ စသည့် သူများ အပါအဝင် ၁၇ ဦးကို ပါတီ စည်းမျဉ်း စည်းကမ်း အတိုင်း ထုတ်ပယ်ခဲ့သည်။

အဆိုပါ ပါတီမှ ထုတ်ခံရသူ အများအပြားသည် ပါတီ နိုင်ငံရေးများ ဆက်လက် လုပ်ကိုင်ခြင်း မရှိဘဲ ဒေသ ဖွံ့ဖြိုးရေးများ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ သူရဦးရွှေမန်းသည်လည်း လက်ရှိ လွှတ်တော်တွင်း တာဝန်ယူနေသည်များကို ဆက်လက် လုပ်ကိုင်ပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117