Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ငွေကျပ် ၂,၂ဝဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ဘိန်းဖြူများအားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ငွေကျပ် ၂,၂ဝဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၈ ရက် ၁၃းဝဝ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆)ပြင်ဦးလွင် (မိုးကုတ်လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းရှေ့တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မိုင်းလုံမြို့ဘက်မှ မိုးကုတ်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ အဆိုပါ မော်တော်ယာဉ်အား မိုးကုတ်-မိုးလုံသွားကားလမ်း၊ ကင်းချောင်းအနီးရှိ တောစပ်အတွင်း သော့ပိတ်လျက်ရပ်ထား သည်ကိုတွေ့ရှိရပြီး ယာဉ်အား ရှာဖွေရာ ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသော စုစုပေါင်းဘိန်းဖြူအလေးချိန် ၂.၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၂ဝဝ သိန်း)တို့ အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.