Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားကြီး လမ်းဆုံအနီး၌ ဒေသန္တရ လက်လုပ်မိုင်း ၃ လုံး တူးဖော်ရရှိ

တူးဖော်ရရှိသော ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးအားတွေ့ရစဉ်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီး လမ်းဆုံအနီး၌ ဧပြီ ၂၉ရက် နံနက်ပိုင်းတွင် ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးအား တပ်မတော် လုံခြုံရေးစစ်ကြောင်းက တူးဖော်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ နေရာအနီးတစ်ဝိုက်၌ AA လက်နက်အဖွဲ့က မိုင်းများ ထပ်မံထောင်ထားကြောင်း သတင်းအရ တပ်မတော် လုံခြုံရေးစစ်ကြောင်းက မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် မဟာမုနိဘုရားကြီးလမ်းဆုံအနီး ကျောက်တော် – မြောက်ဦးကားလမ်း၏ ယာဘက် နှစ် ပေခန့်အကွာ၌ အချင်း ခြောက်လက်မ၊ အမြင့်ရှစ် လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း နှစ် လုံးအား လည်းကောင်း၊ အဆိုပါနေရာမှ မြောက်ဘက် မီတာ ၂၀ ခန့်အကွာ၌ အချင်း ခြောက်လက်မ၊ အမြင့် ရှစ် လက်မခန့်ရှိ ဒေသန္တရလက်လုပ်မိုင်း တစ် လုံးအားလည်းကောင်း ရှာဖွေတွေ့ရှိသဖြင့် ဘုရားဖူး လာခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေး စနစ်တကျ သက်မဲ့ပြုလုပ် မိုင်းရှင်းလင်းခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ အများပြည်သူ အသုံးပြုသွားလာ လျက်ရှိသည့် လမ်းများပေါ်တွင် AA လက်နက်ကိုင်အဖွဲ့ မိုင်းထောင်သည့်အကြိမ် ၁၅ ကြိမ်၊ မိုင်း ၄၆ လုံးရှိပြီး တပ်မတော် လုံခြုံရေး စစ်ကြောင်းများက အများပြည်သူ အန္တရာယ် မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.