Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်မှုများ ဆွေးနွေး

ကင်းလှည့်ရေယာဉ်များဖြင့် နတ်မြစ်တစ်လျှောက် နှစ်နိုင်ငံညှိနှိုင်းပူးတွဲ ရေကြောင်းလှည့်ကင်းဆောင်ရွက် နေစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းချက်အရ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrol ကို မတ်လ ၁၁ ရက်မှ မတ်လ ၂၇ ရက်အထိ နယ်စပ်မျဉ်း မိုင်တိုင်အမှတ် ၃၁ မှ ၄၂ ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မတ်လ ၂၇ ရက် နောက်ပိုင်းတွင် နယ်စပ်မျဉ်း မိုင်တိုင်အမှတ် ၄၂ မှ ၄၅ ထိ Coordinated Patrol ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မတ် ၅ ရက် နံနက် ၁ဝ နာရီ ၃၅ မိနစ်တွင် ကင်းလှည့်ရေယာဉ်များဖြင့် နတ်မြစ်တစ်လျှောက် နှစ်နိုင်ငံညှိနှိုင်းပူးတွဲ ရေကြောင်းလှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှ ၂၆ ရက်ထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrol ကို မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ BGP နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ BGB တို့ ပူးပေါင်း၍ နယ်စပ်မှတ်တိုင် (၄၂) မှ (၅၅) ထိ ၁၄ ကြိမ် ကင်းလှည့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)