Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်သာ လိုတော့သည့် အချိန်တွင် ဆန္ဒမဲပေးရန် ပြည်သူများ အသင့်ရှိနေ

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမည့် မဲရုံတစ်ခုအား ပြင်ဆင်ထားစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်သာ လိုတော့သည့် နိုဝင်ဘာ ၇ ရက်နေ့တွင် နိုင်ငံအဝန်း၌ ဆန္ဒမဲပေးရန် မဲရုံများတွင် ပြင်ဆင်ထားမှု အခြေအနေမှာ ရာနှုန်းပြည့် နီးပါး အသင့် ပြီးစီးသော အနေအထားများ ရှိနေပြီး မဲဆန္ဒရှင် ပြည်သူများမှာလည်း ပါဝင် မဲထည့်ရန် အသင့်ရှိနေကြကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆန္ဒမဲပေးရန် သတ်မှတ်ပေးထားသည့် မြို့နယ် ၊ ရပ်ကွက်များ အတွင်းရှိ မဲရုံ ပြင်ဆင်ထားမှု များမှာလည်း အဆင်သင့် ပြီးစီးနေပြီ ဖြစ်ပြီး ဆန္ဒမဲ ပေးရာတွင် လွယ်ကူ အဆင်ပြေစေရေး ကြိုတင် ဆောင်ရွက်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ် ၄ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးအုန်းမောင်က “မနက်ဖြန် မဲလာထည့်ဖို့က ကျွန်တော်တို့စာရင်းထဲမှာ လူ ၈၀၀ ရှိပါတယ်။ မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ လာတဲ့လူတွေ အဆင်ပြေအောင်လို့သက်သေခံ လက်မှတ်ကို အရင် ပေးထားပါတယ်။ သူတို့လာတဲ့ အခါအဲဒီ လက်မှတ်က မဲနံပါတ်ကို ပြောတာနဲ့ချက်ချင်း မဲစာရွက် ထုတ်ပေးနိုင်ပါတယ်။ အားလုံး အဆင်သင့် ဖြစ်နေပါပြီ” ဟု ပြောသည်။

ယခုပြုလုပ်မည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီမှ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ဦးရေမှာ ၃၃ သန်းကျော်ခန့်ရှိကြောင်း သိရသည်။

ထိုပြင် ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး အပြည့်အ၀ ရရှိရေး ဆောင်ရွက်ရာတွင် လက်ရှိအင်အားအပြင် အထူးရဲများကို ခန့်အပ်ထားပြီး မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် ခန့်အပ်ထားရှိမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယခုကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေများအတွင်းရှိ မဲရုံအသီးသီး၌ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်မည့် အထူးရဲများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေအတွက် လေးသောင်းကျော် ခန့်အပ်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လုံခြုံရေး တာဝန် ဆောင်ရွက်မည့် အထူးရဲ စုစုပေါင်း ၅,၄၉၅ ဦး ရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117