Connect with us

Politics, Law & Military

အခြေခံ ဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာအပေါ် စတင် ဆွေးနွေး

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံနှင့် စပ်လျဉ်းပြီးပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် လွှတ် တော် ကိုယ်စားလှယ် ၂၁ ဦးတို့က စတင် ဆွေးနွေးခဲ့ကြသည်။အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် ဖြည့်စွက်ရန် အချက်ပေါင်း ၃၇၆၅ ချက်တို့ပါဝင်သည့် အစီရင်ခံစာကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းခဲ့ရာ ယနေ့ အစည်းအဝေး၌ ထိုအစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များက စတင် ဆွေးနွေးကြခြင်းဖြစ်သည်။

ဆွေးနွေးကြသော ကိုယ်စားလှယ် ၂၁ ဦးတို့တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး အပါအဝင်။ ရှမ်း(SNLD)နှင့် ရခိုင်(ANP) ပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုး နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များ စုံလင်စွာ ပါဝင်ခဲ့ကြသည်။

ထိုအစီရင်ခံစာနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော် မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ အစီရင်ခံစာ ဆိုင်ရာ လုပ်ငန်းစဉ်များကို တရားဝင် ကန့်ကွက်ခဲ့ကြ သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေး ခြင်း မရှိကြောင်း တွေ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.