Connect with us

Politics, Law & Military

အမျိုးသားရင်ကြားစေ့ရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်း လဲရေးနှင့် ဒီမိုကရေစီစနစ်ရှင်သန်ရေးစသော အခြေခံမူများဖြင့် ဆောက်တည်မည့် အုပ်ချုပ်မှု စနစ်မျိုးဖြင့် တာဝန်ယူမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ကူးဆုတောင်းပြောကြားစဉ်

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အမျိုးသားရင်ကြားစေ့ရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်း လဲရေး၊ ဒီမိုကရေစီစနစ်ရှင်သန်အမြစ်တွယ်ရေးစသည့် အခြေခံမူများဖြင့် ဆောက်တည်မည့် အုပ်ချုပ်မှု စနစ်မျိုးဖြစ်ဖြင့် တာဝန်ယူမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောကြားသော နှုတ်သစ်ကူးဆုမွန်ကောင်းတွင် ထည့်သွင်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီက ပြည်သူလူထုကိုတင်ပြခဲ့သောမူဝါဒများအပေါ် အခြေခံပြီး ဆောက်တည်မည့် အုပ်ချုပ်မှု စနစ်မျိုးဖြစ်ဖြင့် တာဝန်ယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတစ်နိုင်ငံ တိုးတက်ရန် ချမ်းသာရန် ညီညွတ်မှုသည် အင်မတန်အရေးကြီးကြောင်း၊ လက်ရှိ အစိုးရသစ်သည် အမျိုးသား ရင်ကြား စေ့ရေးကိုဦးတည်သည့် အစိုးရဟုပြောရာတွင် NLDပါတီကို ထောက်ခံမဲ ပေးခဲ့သော ပြည်သူလူထုအတွက်တင်မဟုတ်ဘဲ ပါတီကိုမဲမပေး၊ မထောက်ခံသော ပြည်သူများအတွက်လည်း အစိုးရသစ်သည် တာဝန်ယူမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံကို တရားဥပဒေစိုးမိုးရေးရှိစေချင်မှုသည် နိုင်ငံသူ နိုင်ငံသားများအားလုံး တရားဥပဒေ၏ ကာကွယ် မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ဦးတည်ခြင်းဖြစ်ပြီး တရားဥပဒေသည် တရားမျှတခြင်း၊ကောင်းမွန်သော သက်ရောက်မှုရှိနိုင်သော ဥပဒေများရှိခြင်းတို့ဖြစ်ကြောင်း၊တရားစီရင်ရေးမဏ္ဍိုင်ကြီး တည့်မတ်ရန် ထိရောက်ရန် အင်မတန်အရေးကြီးပြီး တရားစီရင်ရေးသည် နိုင်ငံတကာကလက်ခံထားသော စံနှုန်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

တရားဥပဒေစိုးမိုးရေးသည် ပြည်သူများကို ကာကွယ်ရန်၊ ပြည်သူများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန် ဖြစ်ပြီးပြည်သူများ ကိုချုပ်ချယ်၊ ဖိနှိပ်ရန် မဟုတ်ကြောင်း ၎င်းကပြောသည်။

“တရားဥပဒေစိုးမိုးရေးဆိုတာ ကျွန်မတို့ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း အင်မတန်မှ ရေးကြီးပါတယ်။ တရားဥပဒေ စိုးမိုးရေးမရှိဘဲနဲ့ ကျွန်မတို့ငြိမ်းချမ်းရေးကို ဆောက်တည်လို့မရပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးစတင်ပြီး လုပ်ခဲ့သည့်အတွက် ကျွန်မတို့ဒါကို အများကြီးတန်ဖိုးထားကြောင်း၊ ဒီအပစ် အခတ်ရပ်စဲရေး ပြီးမြောက်အောင် အားလုံးပါဝင်သင့်သော အဖွဲ့အစည်း များပါဝင်အောင် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးညီလာခံကနေ ပြည်သူများ လိုလားသော စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။(Xinhua)