Connect with us

Politics, Law & Military

အမှုရင်ဆိုင်နေကြရသူ(၁၉၉)ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး

နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသူ(၁၉၉)ဦးစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ဧပြီ၁၀ရက်(ဆင်ဟွာ)

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသူများအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ၄၉၄အရ ဧပြီ(၈)ရက်နေ့တွင် အမှုမှရုပ်သိမ်းပေးခဲ့သူ (၁၉၉)ဦး စာရင်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးတွင် ၉၁ယောက်၊ မကွေးတိုင်းဒေသကြီးတွင် ၂၂ယောက်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၆ ယောက်၊ မန္တလေးတိုင်းဒေသကြီးတွင် ၄၀ယောက် စုစုပေါင်း ၁၉၉ ယောက် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်း ၁၉၉ ဦးတွင် အမျိုးသမီး ၃၆ ဦးပါဝင်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရ သူများနှင့် အခြား ပြစ်ဒဏ်ကျ အကျဉ်းသားစုစုပေါင်း ၂၁၇၈ ဦးတို့ကို မြန်မာနှစ်သစ်ကူးအခါသမယ အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။
ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှု ရင်ဆိုင်နေရသည့် ကျောင်းသားများ လွတ်မြောက်ရေး အတွက် သြင်္ကန်ရုံးပိတ်ရက်များပြီးနောက် တရားရုံးများပြန်လည်ဖွင့်ချိန်တွင် အမြန်ဆုံး ဆက်လက်လုပ်ဆောင်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ (၈) ရက်နေ့ ညနေ၌ ကြေညာချက် ထပ်မံထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117