Connect with us

Politics, Law & Military

အာရှလမ်းမကြီး ဖွင့်လှစ်မှု အကန့်အသတ်မရှိ ရွှေ့ဆိုင်း

အာရှလမ်းမကြီး (ဓာတ်ပုံ- နိုင်မောင်ဇော်)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီမြို့အကြား ဖောက်လုပ်ထားသော အာရှလမ်းမကြီး ဖွင့်လှစ်မှုကို ရက် အကန့်အသတ်မရှိ ရွေ့ဆိုင်းထားကြာင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ ယခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အာရှလမ်းမကြီးအား ပူးတွဲ ဖွင့်လှစ်ရန် သက်မှတ် ထားသော်လည်း လုံခြုံရေး အခြေအနေအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ၎င်းက ဆိုသည်။

အာရှ လမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂ ရက်က စတင်ပြီး အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့ အကြား တိုက်ပွဲများကြောင့် ခေတ္တ ပိတ်လိုက်ရပြီး တစ်ပတ်အကြာ ပြန်လည် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အာရှ လမ်းမကြီးအနီးတွင် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားမှု မရှိသော်လည်း အနီး ပတ်ဝန်းကျင်မြို့များတွင် အစိုးရတပ်နှင့် DKBAတို့ နယ်မြေ ရှင်းလင်းမှု ပြုလုပ်စဉ် တိုက်ပွဲ အနည်းငယ် ဖြစ်ပွားလျှက်ရှိသည်။

အာရှ လမ်းမကြီး တရားဝင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ခရီးသွား ပြည်သူများ သွားလာခွင့် ပေးထားလျှက် ရှိသည်။

ခရီးသွား ပြည်သူများ လွယ်ကူချောမွေ့စွာ ခရီးသွားနိုင်ရေး၊ နယ်စပ်ဒေသ ကုန်စည် စီးဆင်းမှု မြန်ဆန် ချောမွေ့စေရေး၊ နယ်စပ် ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ အာဆီယံဒေသ အတွင်းရှိ နိုင်ငံများနှင့် ကူးလူး သွားလာနိုင်ရေးတို့ အတွက် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှ လမ်းသစ်အား နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနှင့် အိမ်နီးချင်း နိုင်ငံတို့ ပူးပေါင်း၍ ဖောက်လုပ်ခဲ့သည်။ (Xinhua)