Connect with us

Politics, Law & Military

ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိဟု သမ္မတဆို

၆၇) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအားတွေ့ရစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ ဦးဝင်းမြင့်က ယနေ့ကျရောက်သော (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေး လျက်ရှိရာတွင် ကယားပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ လျှပ်စစ်မီးရရှိရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စသည်ဖြင့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သမ္မတက ဆိုသည်။

သံလွင်မြစ်ကူးတံတား (ဖားဆောင်း) ကို တည်ဆောက်ပေးခဲ့ပြီး မယ်စုံမြို့နယ်တွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ထားကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် ညီအစ်မမြို့အဖြစ် ဆောင်ရွက်ထားရှိ၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ကြောင်း ၎င်းပြောသည်။

ကယားပြည်နယ်သည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ လောပိတရေအားလျှပ်စစ်စက်ရုံများရှိသည့်အပြင် သံလွင်မြစ်၊ ဘီလူးချောင်း၊ ငွေတောင်ဆည် စသည့် မြစ်ချောင်း၊ ဆည်မြောင်းများနှင့် ရေတံခွန်၊ စိမ့်စမ်းများ၊ လှိုဏ်ဂူများ၊ သဘာဝတောတောင်အလှအပများ ပေါကြွယ်ဝသောကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် ပြည်နယ်တစ်ခုလည်းဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

ယခင်က လက်နက်ကိုင်ပဋိပက္ခများကြောင့် ကယားပြည်နယ်အတွင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးပိုင်းတို့တွင် အခက်အခဲများဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ရပြီး ယခုအချိန်တွင် လက်နက်ကိုင်ပဋိပက္ခများ မရှိတော့ သလောက်ဖြစ်သော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင် ဆောင်ရွက်လာကြပါက ကယားပြည်နယ်သည် ငြိမ်းချမ်းရေး၏ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို လျင်လျင်မြန်မြန် အပြည့်အဝခံစားကြရမည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

ကယားပြည်နယ်၏ သာယာလှပသော သဘာဝရေမြေတောတောင်များက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် အပန်းဖြေ လည်ပတ်သွားလာစရာ နေရာတစ်နေရာအဖြစ် ပိုမို၍ လူသိများထင်ရှားလာခဲ့ပြီး အရှေ့ဘက်ရှိ ထိုင်းနိုင်ငံမှ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်မှုနှင့် ခရီးသွားလာမှုများ မြှင့်တင်လာနိုင်သည့် အလားအလာကောင်းများရှိ ကြောင်း သိရသည်။

နှစ်ပေါင်း (၂၀) တွင် မိမိတို့၏ကယားပြည်နယ်ကို မည်သို့ဖြစ်စေချင်သည်၊ မည်သို့မြင်စေချင်သည်ကို ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးအပါအဝင် ပြည်နယ်သူ၊ ပြည်နယ်သား များက အလေးအနက်ထားစဉ်းစားလျက် ငြိမ်းချမ်းရေးကို မနှေးအမြန် တည်ထောင်ကြရန် နိုင်ငံတော် သမ္မတက တိုက်တွန်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117