Connect with us

Politics, Law & Military

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း၌ ထိန်းသိမ်းခံ မြန်မာရေလုပ်သား ၁၀၅ ဦး မြန်မာပြည်သို့ပြန်လည် ရောက်ရှိလာ

အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံမှရေလုပ်သားများ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-Yangon Police Facebook)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သားများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ပြီးမြန်မာရွှေ့ပြောင်း ရေလုပ်သား ၁၀၅ ဦး သည် ယနေ့စက်တင်ဘာ ၆ ရက် နံနက်ပိုင်းအချိန်တွင် မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံ LION AIR လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုမြန်မာရွေ့ပြောင်းရေလုပ်သား ၁၀၅ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၁၀ ဦး၊ ပဲခူးတိုင်း ဒေသကြီး မှ ၈ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၁၄ ဦး၊ မန္တလေးတိုင်းဒေသကြီး ၃ ဦး၊ မကွေးတိုင်း ဒေသကြီးမှ ၂ ဦး ၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၂၆ ဦး၊ ရှမ်းပြည်နယ်မှ ၃ ဦး၊ မွန်ပြည်နယ်မှ ၂၆ ဦး၊ ရခိုင်ပြည်နယ်မှ ၁၂ ဦးနှင့် ကချင်ပြည်နယ်မှ ၁ ဦးတို့ ဖြစ်သည်။ရေလုပ်သားများတည်းခိုနေထိုင်မည့် ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့လိုအပ်သည် များနှင့် နေရပ် အသီးသီးသို့ ပြန်နိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းမြန်မာရေလုပ်သားများ လုပ်ခလစာ အပြည့်အ၀ ရရှိရေးအတွက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် သံရုံး ကိုယ်စားလှယ် အဖွဲ့သည် ညှိနိူင်းဆောင်ရွက်လျက် ရှိပြီး ပြန်လည် ခေါ်ယူခဲ့သည့် ရေလုပ်သားများအနက် ရေလုပ်သား ၈၀ ဦး၏ လစာအပေါ် သဘောတူညီချက် ရရှိပြီး ကျန်သော ရေလုပ်သားများ၏ လစာများ ရရှိရေးအတွက် ဆက်လက်ညှိနိူင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ နှင့် ဇွန်လအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ လူကုန်ကူးခံရပြီး ရောက်ရှိနေသည့် မြန်မာရေလုပ်သား စုစုပေါင်း ၅၁၄ ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117