Connect with us

Politics, Law & Military

ဗိုလ်ချုပ်အောင်ဆန်း (၁၀၁) နှစ် ပြည့်မွေးနေ့ အတွက် သူရ ဦးရွှေမန်းက ပြည်သူလူ ထုထံသို့ပေးပို့ပန်ကြား

မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား တွေ့ရစဉ် (ဓာတ်ပုံ-Wikipedia)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်မှုနှင့် တာဝန်ရှိမှုကို ဟန်ချက်ညီညီ ကျင့်သုံးသည့် ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားစေရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဗိုလ်ချုပ်၏ ဝါဒကို ဖော်ဆောင်နေကြောင်း ဗိုလ်ချုပ်အောင်ဆန်း (၁၀၁) နှစ်ပြည့်မွေးနေ့ ပြည်သူ လူထုထံသို ပေးပို ပန်ကြားချက်အား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၎င်း၏ Facebook စာမျက်နှာမှ တဆင့် ဖော်ပြ ရေးသား ထားသည်။

ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြည်သူ လူထုထံသို့ပေးပို့ပန်ကြားချက်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလအတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း တစ်ချို့အား ကောက်နုတ် ဖော်ပြခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်ကို ချစ်ခင် လေးစားကြသည်နှင့် အညီ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးတွင် ဗိုလ်ချုပ်၏ ကောင်းမြတ်သော မူဝါဒ လမ်းစဉ်များကို လေ့လာ သုံးသပ်ပြီး၊ ယခုလို အခွင့်အခါကောင်းနှင့် ကြုံကြိုက်ချိန်တွင် အလေးအနက်ထား ပါဝင်ကြကာ အပြောအလုပ် ညီညွတ်သော၊ စေတနာမှန်သော၊ လုပ်နည်းမှန်ကန်သော ဆောင်ရွက်မှုများ ပြုကြရန် လိုအပ်ပါကြောင်း ဗိုလ်ချုပ် (၁၀၁) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုခြင်းနှင့် အတူ ဆန္ဒပြု တိုက်တွန်း ပန်ကြား ခဲ့သည်။

မြန်မာ့ လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွေးဖွားခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၎င်း၏ မွေးနေ့မှာ ၁၀၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.