Connect with us

Politics, Law & Military

မောင်တောမြို့နယ် နတ်မြစ်အတွင်း ကျပ် ၉၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများအား တွေ့ ရစဉ်(ဓာတ်ပုံ- State Counsellor Office Information Committee)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

မောင်တောမြို့နယ် နတ်မြစ်အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် ဖမ်းဆီးရမိသော လှေအား စစ်ဆေးရာ ပလပ်စတစ် အိတ်အတွင်းမှ ငွေကျပ် ၉၅၀ သိန်း တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၄၇၅၀၀ ပြား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။

တပ်မတော်(ရေ)မှလုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၁ ရက်တွင် လှည့်ကင်း ဆောင်ရွက်စဉ် စံပယ်ပင်ရင်း ချောင်းဝ၌ တစ်ဖက်နိုင်ငံသို့ သွားနေသည့် လက်ခတ်လှေ ၁ စီးအားတွေ့ရှိ၍ လိုက်လံ ဖမ်းဆီးခဲ့ရာ လှေသည် စံပယ်ပင်ရင်းဘက်ကမ်း ဒီရေတောအတွင်း ကမ်းထိုးဝင်ရောက်သွားပြီး လှေပေါ်ပါသူများမှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း ၊ ထိုဖမ်းဆီးရမိ လှေအား စစ်ဆေးခဲ့ရာတွင် စိတ်ကြွဆေးပြားများအား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထိုထွက်ပြေးတိမ်းရှောင်သူများအား ဖမ်းဆီးရမိရေးအမှုဖွင့် စုံစမ်းလျက်ရှိကြောင်းသိရသည်။(Xinhua)