Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသူ ဦးထင်ကျော်အား ပါတီ ၊ အသင်းအဖွဲ့ အသီးသီးမှ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသူ ဦးထင်ကျော်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသူ ဦးထင်ကျော်အား လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအဝင် ပါတီ ၊ အသင်းအဖွဲ့ အသီးသီးမှ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ယနေ့မတ်လ ၁၅ ရက်တွင် သဝဏ်လွှာ ပေးပို့ပြီး ကြေညာချက်များ ထုတ်ပြန် ခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်နှင့် နိုင်ငံသားများ ကိုယ်စား ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် အကြီး အကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲ တာဝန်များကို လွှဲပြောင်း ပေးအပ်ရန် စီစဉ်ထား ရှိပြီး ဖြစ်ပါကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့အတူ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ၊ လက်ရှိ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဖြစ်ပေါ်လာမည့် အစိုးရ ၊ အုပ်ချုပ်ရေး အဖွဲ့သည်လည်း ပြည်သူ့အပေါ် တာဝန် ကျေအောင် ဆောင်ရွက်ရန် လိုကြောင်း ၊ ပြည်သူ့အစိုးရသည် ပြည်သူများက ပေးအပ်လိုက်သော တာဝန်ကို တာဝန်ယူ ၊ တာဝန်ခံ ဆောင်ရွက်သည့် အခါ နိုင်ငံတော် ကာကွယ်ရေး ၊ နိုင်ငံတော် လုံခြုံရေး နှင့် နိုင်ငံတော် တည်ဆောက်ရေး တို့တွင် ပြည်သူများကလည်း အသိဉာဏ် အမြော်အမြင်ဖြင့် ပါဝင်နေကြရန် လိုကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းက ဒီမိုကရေစီ နည်းလမ်းကျစွာဖြင့် မြန်မာနိုင်ငံ၏ ၉ ဆက်မြောက် သမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသော အရပ်သား အစိုးရ အဖွဲ့၏ အကြီးအကဲ ဦးထင်ကျော် နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံရခြင်းအတွက် ကြိုဆို ဝမ်းမြောက်ပါကြောင်းနှင့် နိုင်ငံအကျိုး ၊ ပြည်သူ့အကျိုး ၊ ဒီမိုကရေစီ အရေး ၊ ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်နိုင်ရေး တို့ကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီး ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပေါ်ရေးနှင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မြန်မာနိုင်ငံသား အားလုံးသည် သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရအဖွဲ့သစ်နှင့် အတူ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်ခဲ့သည်။
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ယနေ့ မတ်လ ၁၅ ရက်တွင် ပြည်သူ့ ကိုယ်စားလှယ် များက သမ္မတသစ် ရွေးချယ် တင်မြှောက်နိုင်ခဲ့ခြင်း အပေါ် လွန်စွာ ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.