Connect with us

Politics, Law & Military

(၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးတွင် တပ်မတော် အကြီးအကဲများ နှစ်နိုင်ငံစီ သီးခြားတွေ့ဆုံ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Ten Sri Dato' Sri (Dr.) Hj Zulkifeli Bin Mohd Zin တို့ သီးခြား တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

(၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး တွင် တပ်မတော် အကြီးအကဲများ နှစ်နိုင်ငံစီ သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပ ပြုလုပ်သည့် (၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက်လျက် ရှိသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မတ်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Gatot Nurmontyo ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ မလေးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Ten Sri Dato’ Sri (Dr.) Hj Zulkifeli Bin Mohd Zin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Maj- Gen. Lim Cheng Yeow Perry ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း နိုင်ငံ အလိုက် သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြကြောင်း သတင်း ထုတ်ပြန်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117