Connect with us

Politics, Law & Military

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်က ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာ သမ္မတထံပေးအပ်

ICOE အဖွဲ့ခေါင်းဆောင်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ အစီရင်ခံစာ ပေးအပ်နေစဉ် (ဓါတ်ပုံ Pool)

နေပြည်တော်၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE:_ Independent Commission of Enquiry)က ၎င်း၏ နောက်ဆုံး အစီရင်ခံစာအား နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ပေးအပ်တင်ပြခြင်း အခမ်းအနားကို ယနေ ့ဇန်နဝါရီ ၂၀ရက်  နံနက် ၁၀ း ၀၀ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

အဆိုပါ ပေးအပ်ပွဲသို့ ဖိလစ်ပိုင် သံအမတ်ကြီး Ms. Rasario Manalo ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်လေးဦးတို့တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့ကြကြောင်းသိရသည်။

အဆိုပါ အဖွဲ ့ကို ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး  ရခိုင်ပြည်နယ် တည်ငြိ်မ် အေးချမ်းရေးအတွက် ခြေလှမ်းများ ဖြစ်သည့် ရခိုင် ပြည်နယ်အတွင်း လူ ့အခွင့်အရေး ချိုးဖောက်မှုနှင့် ARSA အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဆက်နွယ်သော ပြဿနာများအပေါ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ကာ အဖွဲ့၏ နောက်ဆုံး တွေ့ရှိချက် အစီရင်ခံစာကို ယခုကဲ့သို့ နိုင်ငံတော် သမ္မတထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.