Connect with us

Politics, Law & Military

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ခေတ္တ ဆိုင်းငံထားရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်ကို ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ယခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲနှင့် ပူးတွဲ ကျင်းပရန်မှာ ယခုကာလအတွင်း ကျင်းပခြင်း မပြုပဲ ခေတ္တ ဆိုင်းငံ့ ထားသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အကြံပြုချက်အပေါ် ယနေ့ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော်၏ သဘောဆန္ဒရယူပြီး ခေတ္တ ဆိုင်းငံ့ရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် ပူးတွဲကျင်းပရန် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးသားပေးပို့ခဲ့ခြင်းအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ရှင်းလင်း အကြံပြုချက်အား လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၇ ဦးက ဝင်ရောက် ဆွေးနွေးပြီး လွှတ်တော်၏ သဘောဆန္ဒ ရယူခဲ့ခြင်း ဖြစ်သည်။

“ပုဒ်မ ၅၉ (ဃ) တစ်ခုတည်းနဲ့တိုင်းပြည် ပြောင်းလဲမှု မဖြစ်နိုင်တဲ့ အတွက် နောက်အစိုးရ လက်ထက် လွှွတ်တော်မှာ ထပ်ပြီး ပြင်ဆင်မှုတွေနဲ့အတူ ပေါင်းပြီးမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မဲ့ အနေအထား ရှိပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆင်ဟွာသို့ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်ဖြစ်သည့် နိုင်ငံတော် သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(ဃ) တွင် မူလ ပြဌာန်းချက် ဖြစ်သော စစ်ရေးအမြင်နေရာတွင် ကာကွယ်ရေးအမြင် ဟု အစားထိုး ပြင်ဆင်ရန် အတည်ပြု နိုင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရမည် ဖြစ်သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် အတူ ပူးတွဲ ကျင်းပခြင်းဖြင့် အချိန် ၊ လုပ်အားနှင့် ဘဏ္ဍာငွေ ကုန်ကျမှုများ သက်သာမှု ရှိစေနိုင်သော်လည်း သီးခြား ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး လိုအပ်သည့် အထောက်အကူပြု ပစ္စည်းအတွက် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၄,၇၂၉,၀၄၃ သန်း အနည်းဆုံး ကျခံ သုံးစွဲရမည် ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့ထားသည့် စာတွင် ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117