Connect with us

Politics, Law & Military

၈၈ ငြိမ်း/ပွင့်မှ ကိုကိုကြီး အမှုပြီးပြတ်သွားပြီ ဖြစ်၍ ရွေးကောက်ပွဲဝင်ရန် ပြဿနာ မရှိတော့ဟုဆို

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး အား ဆင်ဟွာသတင်းဌာနမှ အင်တာဗျူးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ပုဒ်မ ၁၉ ဖြင့် အမူဖွင့် အရေးယူ ခံထားရသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးသည် အမှုပြီးပြတ်သွားပြီ ဖြစ်၍ ရွေးကောက်ပွဲဝင်ရန် ပြဿနာ မရှိတော့ဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဦးကိုကိုကြီးအပါအဝင် ငါးဦး၏ အမှုကို မြို့နယ် တရားသူကြီးက ဒဏ်ငွေ ကျပ် ၁၀,၀၀၀ (သို့မဟုတ်) ထောင်ဒဏ်၂၁ ရက် ကျခံရမည်ဆိုသည့် စီရင်ချက် ချရာတွင် အမည်မသိ ပြည်သူ တစ်ဦးမှ ကိုယ်စားဒဏ်ငွေ ဆောင်ပေးသွားသည့် အတွက် ကိုကိုကြီးအနေဖြင့် ရွေးကောက်ပွဲ ဝင်ရန် ပြဿနာ မရှိတော့ခြင်း ဖြစ်ကြောင်း ဦးကျော်ဟိုးက ပြောသည်။

တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့က ယနေ့ နေလည်ပိုင်းတွင် တရားရုံးသို့ လွှဲပို့ပြီးနောက် မြို့နယ် တရားရုံးမှ ချက်ချင်း စီရင်ချက် ချခဲ့ခြင်းဖြစ်သည်။

ဦးကျော်ဟိုးက “ အခုလို ပြည်သူတစ်ဦးက ဒဏ်ငွေဆောင် ပေးသွားတဲ့အတွက် ဦးကိုကိုကြီး အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြဿနာ မရှိနိုင်တော့ပါဘူး။ ဥပဒေမှာက ရွေးကောက်ပွဲ ကာလအတွင်း ထောင်ဒဏ် ကျခံရပါက ကိုယ်စားလှယ်လောင်းအဖြစ် မဲပေးခွင့်၊ ရွေးချယ်ခံခွင့် မရှိဘူး ဆိုပြီး ပါတယ်။ ဒဏ်ငွေ အစား ဆောင်ပေးသွားတော့ ပြဿနာ မရှိတော့ဘူးပေါ့’’ ဟု ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး အပါအဝင် ငါးဦးကို တောင်ဥက္ကလာပ တရားရုံးမှ ဒဏ်ငွေတစ်သောင်း သို့မဟုတ် ထောက်ဒဏ် ၂၁ ရက် ကျခံရန် အမိန့် ချမှတ်ရာ အမည်မသိ ပြည်သူတဦးက ဦးကိုကိုကြီးအား လွှတ်တော်ထဲ ရောက်စေရန် ရည်ရွယ်ချက်ဖြင့် ဒဏ်ငွေများကို ကိုယ်စား ဆောင်ပေးသွားကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

ဦးကိုကိုကြီး နှင့် အတူ ဦးမျိုးခင်၊ ဒေါက်တာစောနိုင်၊ ဦးစစ်အောင်၊ ဦးနိုင်ကိုလင်း တို့ ၅ ဦးအား ပုဒ်မ ၁၉ ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။အရေးယူခံရသည့် အထဲတွင် ပါဝင်သည့် NLDပါတီ (တောင်ဥက္ကလာ) မှ ဦးမျိုးခင်က “ဆန္ဒ ဖော်ထုတ်ရမယ့် နေရာမှာ မဖော်ထုတ်ပဲ တခြားနေရာမှာ ဆန္ဒဖော်ထုတ်ခဲ့တာ ဟုတ်လားလို့ တရားသူကြီးက မေးတယ်။ ဦးကိုကိုကြီးကလည်း ဟုတ်ပါတယ်လို့ ဖြေတယ်။ တခြား စစ်ဆေးမှုတွေ မလုပ်ပဲ စီရင်ချက် ချတယ်။ ဦးကိုကိုကြီးနဲ့ ကျွန်တော်တို့တွေက ဒဏ်မဆောင်ဘူးဆို ဆုံးဖြတ်တယ်။ ကျွန်တော်တို့တောင် မသိလိုက်တဲ့ အမည်မသိ ပြည်သူက ဒဏ်ဆောင်ပေးသွားတာပါ’’ ဟု ဆင်ဟွာကို ပြောသည်။

တောင်ဥက္ကလာ ၉ ရပ်ကွက် အားကစားကွင်းထဲတွင် အထပ်မြင့်ကွန်ဒို ဆောက်လုပ်နေတာကို ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို ခွင့်ပြုမိန့် မရတဲ့နေရာမှာ စုဝေးခဲ့ကြသည့်အတွက် ဦးဆောင်သူတွေကို တောင်ဥက္ကလာ ရဲတပ်ဖွဲ့က ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.