Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’ ၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များယနေ့ တွေ့ဆုံ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ မိုင်းလား-အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) အဖွဲ့ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ မိုင်းလား-အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) အဖွဲ့ခေါင်းဆောင်များ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် စတင် တွေ့ဆုံ ဆွေးနွေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အထူးဒေသ ၂ ၊ အထူးဒေသ ၄ တို့မှ ခေါင်းဆောင်များဖြစ်သည့် ဗဟိုပေါလစ်ဗျူရိုအမြဲတမ်း ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ နှင့် ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရဘက်မှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါက်တာတင်မျိုးဝင်းနှင့် ဦးကျော်တင့်ဆွေတို့ တက်ရောက် ဆွေးနွေးလျက် ရှိကြသည်။

နေပြည်တော်သို့ ရောက်ရှိလျက်ရှိကြသော တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့ ဖြစ်သည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီ နှင့် မိုင်းလား-အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် အဖွဲ့တို့တွင် စုစုပေါင်း အဖွဲ့ဝင် အင်အား ၁၀၀ ကျော် ပါဝင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.