Connect with us

Politics, Law & Military

မြန်မာနိုင်ငံ အနှံ့ရှိ မဲရုံများ၏ ရလဒ် အခြေအနေများကို ထုတ်ပြန်ပေးရန် သတင်း အချက်အလက် စင်တာ နှစ်ခု ဖွင့်မည်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကို ယနေ့ နေပြည်တော်၌ ကျင်းပခဲ့စဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်မှ စတင်ပြီး မြန်မာနိုင်ငံ အနှံ့ရှိ မဲရုံများ၏ ရလဒ် အခြေအနေများကို ထုတ်ပြန် ပေးရန် သတင်း အချက်အလက် စင်တာနှစ်ခု ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောကြားသည်။

အဆိုပါ သတင်းအချက် အလက် စင်တာများ ကို ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာနှင့် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးများ တွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ယင်း သတင်း အချက်အလက် စင်တာများမှ နေ့စဉ် မဲရုံများ၏ ရလဒ် အခြေအနေများကို ကြေညာပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများနှင့်တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ယင်း သတင်း အချက်အလက် စင်တာကို နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်၍ ရက်သတ္တပတ် နှစ်ပတ်ခန့် ဖွင့်လှစ်ကာ နယ်အသီးသီးမှ မဲရုံများ၏ ရလဒ် အခြေအနေများကို နေ့စဉ် ထုတ်ပြန် ပေးသွားမည် ဖြစ်သည်။

“သတင်းအချက်အလက် စင်တာတွေကို ကော်မရှင်က ရလဒ် တရားဝင် ကြေညာတဲ့အထိ ဖွင့်ထားမှာ၊ စင်တာတွေကနေ ဝေးတဲ့ မဲရုံတွေက ရလဒ် အခြေအနေတွေ ကို နေ့စဉ် ထုတ်ပြန်ပေးမယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ ဦးသိန်းဦးက ဆိုသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ် အခြေအနေများကို ရွေးကောက်ပွဲ ကျင်းပပြီးချိန်မှ စ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ကြေညာမည်ဖြစ်ကြောင်း၊ အဆိုပါ တိုင်းဒေသကြီး နှင့် ပြည်နယ်များက ကြေညာချက်များကို စုစည်း စစ်ဆေးကာ ၂ ပတ် အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပေးမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို နိုဝင်ဘာလ ၂ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်ရုံး များတွင် ကပ်သွားမည်ဖြစ်ပြီး တပ်နယ်မြေများ အတွင်း မဲပေးခွင့် စာရင်းကိုလည်း သက်ဆိုင်ရာ တပ်များတွင် ကပ်ထားမည် ဖြစ်ကြောင်း ဦးတင်ထွန်းက ဆိုသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြည်ပနိုင်ငံများမှ ကြိုတင်မဲပေးမှုနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117