Connect with us

Politics, Law & Military

အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့ စတင် ဖိတ်ခေါ်မည်


ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ် ရေးထိုးနိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့ကို စတင် ဖိတ်ခေါ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက ယနေ့ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) နှင့် ရခိုင်တပ်မတော် (AA) သည် ငြိမ်းချမ်းရေးများ စတင်ဆွေးနွေး ချိန်တွင် ပထမအဖွဲ့အတွင်း ပါဝင်ခြင်း မရှိသော်လည်း ချန်ထားခြင်း မပြုဘဲ ဆက်လက်ဆွးနွေးမည် ဖြစ်ပြီး တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကိုလည်း နှစ်ဖက် ဆွေးနွေးပွဲ ပြုလုပ်ကာ NCA တွင် လက်မှတ် ရေးထိုးနိုင်ရေးထိ ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းလည်း မရှိ၊ လက်နက်လည်း မရှိသည့် အဖွဲ့ငယ်များနှင့် လည်း နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် နိုင်ငံရေးပါတီများ NCA ရှေ့လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် (ဆင်ဟွာ)

အဆိုပါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုရေး အတွက် ရက်သတ်မှတ်နိုင်ရေးနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ကို စက်တင်ဘာ ၂၀ ရက်နေ့တွင် ဖိတ်ကြားကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက NCA စာချုပ် လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ (၇၈) ပါတီတို့မှ ကိုယ်စားလှယ်စုစုပေါင်း (၁၄၅) ဦးကို ရှင်းလင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း NCA စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၅) ဖွဲ့အား သြဂုတ် (၁၁) ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ပါသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များသည် စက်တင်ဘာ (၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး NCA စာချုပ် လက်မှတ် ရေးထိုးမည့်ကိစ္စနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်း ဆွေးနွေးခဲ့ကြ ပါသည်။ NCA စာချုပ်အား အောက်တိုဘာလ ပထမအပတ် အတွင်း လက်မှတ် ရေးထိုးရန်ကိုလည်း နှစ်ဖက် သဘောတူ ခဲ့ကြပါသည်။ (Xinhua)