Connect with us

Politics, Law & Military

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းဝင် ၂၇ဦးဖြင့် ဖွဲ့စည်း

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းခြင်းထုတ်ပြန်ချက် အားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဥက္ကဋ္ဌအဖြစ်ပါဝင်သော အဖွဲ့ဝင် ၂၇ ဦးဖြင့် ယနေ့ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအတွက် အခြေခံသင့်သည့် အချက်များနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့်မူဝါဒများ ချမှတ်ခြင်း။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် သုတေသနပြုလုပ်ချက်နှင့် စစ်တမ်း များကို လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြနိုင်ရန် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ် များနှင့် ကျွမ်းကျင်သူများပါဝင်သည့် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း။အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် သုတေသနပြုလုပ် ချက်နှင့် စစ်တမ်း များကို လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြရေးနှင့် စပ်လျဉ်း၍ ချမှတ် ထားသော အမျိုးသားအဆင့် မူဝါဒများနှင့်အညီ ပြည်ထောင်စု နယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီများအား လမ်းညွှန်ခြင်းတို့ဖြစ်သည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အခြေခံသင့်သည့် အချက်များနှင့် စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊ စာရင်းစစ်တမ်းများ ကောက်ယူ၍ စိစစ်တွက်ချက်ခြင်း၊ စီမံကိန်းများနှင့် အစီအစဉ်များ ချမှတ်ခြင်း။အနည်းဆုံးအခကြေးငွေကို နိုင်ငံတစ်ဝန်းလုံးအတွက်သော် လည်းကောင်း၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက်သော်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း အမျိုးအစားအလိုက်သော်လည်းကောင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး နှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီများ၏ အကြံပြုချက်များကို လေ့လာ စိစစ်ပြီး ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေအခန်း (၆) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ် သင့်သည့် အဆိုပြု အနည်းဆုံးအခကြေးငွေ နှုန်းထားများကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အနည်းဆုံး အခကြေးငွေ နှုန်းထားများကို သတ်မှတ်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းတို့သည်လည်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များဖြစ်သည်။

အလားတူ ပုဒ်မခွဲ(င)အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည့် အဆိုပြုအနည်းဆုံး အခကြေးငွေ နှုန်းထားများတွင် အလုပ်ကျွမ်းကျင်မှုအလိုက် အလုပ်ချိန် တစ်နာရီ၊ တစ်ရက်၊ ရက်သတ္တပတ်၊ တစ်လအတွက် အခကြေးငွေ သို့မဟုတ် အခြားအချိန်ပိုင်း အလုပ် တစ်ခုခုအတွက် အခကြေးငွေနှုန်းထားကို လုပ်ငန်းခွင်ဘေးအန္တရာယ် ရှိနိုင်မှု အလား အလာအပေါ် လေ့လာစိစစ်ပြီး ထည့်သွင်းဖော်ပြခြင်း။အမျိုးသားကော်မတီ၏ အဆိုပြုအနည်းဆုံး အခကြေးငွေနှုန်းထားအပေါ် ကန့်ကွက်ချက် ရှိခဲ့လျှင် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် ညှိနှိုင်းစေပြီး ပြန်လည် တင်ပြသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို အမျိုးသား ကော်မတီ၏ သုံးပွင့်ဆိုင် ကော်မတီများဖြင့် စိစစ်၍ သတ်မှတ်သင့်သော အနည်းဆုံး အခကြေးငွေ နှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း။ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ နှုန်းထားကို ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက်သော်လည်းကောင်း၊ ဒေသအလိုက်သော် လည်းကောင်း အလုပ် ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိနိုင်မှုတို့ကို ခွဲခြား၍ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်တို့နှင့်အညီ စိစစ်ပြီး နှစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ပြင်ဆင် သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာခြင်းတို့သည်လည်း ကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်သည် တစ်ရက်လျှင် ကျပ် ၃,၆၀၀ အဖြစ် သတ်မှတ်ထား ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.