Connect with us

Politics, Law & Military

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင်း ၆၀၆၅ ဦး ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရဟုဆို

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဇူလိုင်လ အတွင်းက သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီအသီးသီး မှ ကိုယ်စားလှယ်လောင်း ၆၀၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူပေါင်း ၆၁၈၅ ဦးရှိပြီး အတည်ပြု သူ ၆ဝ၆၅ ဦး ရှိကြောင်း၊ အမျိုးသား ကိုယ်စားလှယ်လောင်း ၅၂၇၄ ဦး (၈၆.၈ ရာခိုင်နှုန်း) နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈ဝဝ ဦး (၁၃.၂ ရာခိုင်နှုန်း) ရှိကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် သံတမန်များ နေပြည်တော်ရှိ Kenpiski ဟိုတယ်တွင် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်း ထားသူများအနက် ကော်မရှင်ကပယ်ချခဲ့သူ ၇၅ ဦး ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

အဆိုပါ ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ် စာရင်းတွင် နိုင်ငံသားဖြစ်မှု နှင့် ကိုက်ညီမှုမရှိသူ အစ္စလာမ်ဘာသာဝင် ၃၂ ဦး၊ အခြားဘာသာဝင် ၂၀ ဦး၊ အသက် ကန့်သတ်ချက် မပြည့်မီသူ ၈ဦး၊ မြန်မာနိုင်ငံတွင်း အနည်းဆုံးဆယ်နှစ် တစ်ဆက်တည်း နေ ထိုင်မှုမရှိသူ ၅ ဦး၊ ကိုယ်စားလှယ်လောင်း၏ ပါတီတွင်းမှ ကန့်ကွက် ခံရ၍ အမည်စာရင်း ပယ်ဖျက်ခံရသူ ၄ ဦး၊ ကိုယ်စားလှယ်လောင်း အချင်းချင်း ကန့်ကွက်၍ ပယ်ဖျက်ခံရသူ ၂ ဦး၊အမည်စာရင်း လိမ်လည်တင်သွင်းသူ ၁ ဦး နှင့် ပါတီတံဆိပ်(Logo) တင်သွင်းချင်းမရှိဘဲ တစ်သီးပုဂ္ဂလအဖြစ် တင်သွင်းသူ ၃ ဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူှ့ လွှတ်တော် မဲဆန္ဒနယ်ကို မြို့နယ် ၃၃ဝ အား တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ်စီအဖြစ် သတ်မှတ်ပါကြောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီတွင် မဲဆန္ဒနယ် ဆယ့်နှစ် နယ်စီ သတ်မှတ်ပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ကို မြို့နယ် တစ်မြို့နယ်စီတွင် မဲဆန္ဒနယ် နှစ်နယ်စီ သတ်မှတ် ပါကြောင်း၊ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၂၁၉၇၆ ဦး၊ ပဲခူးမြို့နယ်တွင် ၃၃၉၇၁၀ ဦး၊ ဘားအံမြို့နယ်တွင် ၃၀၄၇၂၇ ဦး၊ တောင်ကြီးမြို့နယ်တွင် ၂၇၈၃၆၉ ဦး၊ မိတ္ထီလာမြို့နယ်တွင် ၂၆၅၇၁၈ ဦးရှိပြီး ယင်းတို့သည် ဆန္ဒမဲ အများဆုံး ပေးနိုင်သော မြို့နယ်များ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၄၀၈ ဦး၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၉ ဦး၊ ဆော့လော်မြို့နယ်တွင် ၂၈၂၆ ဦး၊ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ်တွင် ၁၅၇၀ ဦး၊ ဆိပ်ကမ်းမြို့နယ် တွင် ၂၂၃၀ ဦးရှိသောကြောင့်ယင်းတို့ကိုဆန္ဒမဲပေးနိုင်မည့်လူဦးရေအနည်းဆုံးမြို့နယ်များဟု သတ်မှတ် ထားကြောင်း ၎င်း ကရှင်းပြသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တွင် ဆန္ဒမဲ ပေးနိုင်သည့် လူဦးရေ ၃၂ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117