Connect with us

Politics, Law & Military

လွှတ်တော် အစည်းအဝေး များကို နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ပြန်လည် စတင်မည်

နေပြည်တော်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

လွှတ်တော် အစည်းအဝေးများကို အထွေထွေ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ပြန်လည် စတင်မည် ဖြစ်ကြောင်း လွှတ်တော်ရုံးမှ ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် တို့၏ (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးများကို နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အပြီး နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ပြန်လည် ကျင်းပမည် ဖြစ်သည်။

နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော်ခန့် ပြန်လည်၍ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည့်အတွက် မဲဆွယ် စည်းရုံးရန် ကိစ္စရပ်များကို ဆောင်ရွက်ရန် လွှတ်တော် အစည်းအဝေးများ ခေတ္တ ရပ်နား ထားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် သက်တမ်း ကာလ အတွင်းတွင် ဥပဒေ ပေါင်း ၁၈၀ ခန့် ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး၊ လက်ရှိ အချိန်တွင် အစိုးရ အဖွဲ့ မှ တင်သွင်း ထားသည့် ဥပဒေများ မှ ဥပဒေပေါင်း ၅၀ ခန့် ပြဋ္ဌာန်းပေးရန် ဆက်လက် ကျန်ရှိ နေကြောင်း၊ အဆိုပါ ကျန်ရှိသည့် ဥပဒေ ၅၀ ခန့်တွင် ပြည်သူ့ လွှတ်တော် မှ ၁၇ ခု၊ အမျိုးသား လွှတ်တော် မှ ၂၄ ခု နှင့် ပြည်ထောင်စု လွှတ်တော် မှ ၉ ခုရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117