Connect with us

Politics, Law & Military

ကျေးလက်လျှပ်စစ်ဓာတ်အား ရရှိမှု မြှင့်တင်ရေး စီမံကိန်း အတွက် ADB မှ ကန်ဒေါ်လာ ၁၂၇ သန်းကျော် ချေးရန် အတည်ပြု

ပြည်ထောင်စု လွှတ်တော် နာယက အစည်းအဝေး ခန်းမအတွင်းသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

 နေပြည်တော်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အား ရရှိမှု မြှင့်တင်ရေး စီမံကိန်းအတွက် အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ချေးငွေ ရယူရေးကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

လျှပ်စစ်ဓာတ်အား ရရှိမှု လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက “ယနေ့ အခြေအနေမှာ ရေအား လျှပ်စစ်စက်ရုံ ၂၈ ရုံမှ တပ်   ဆင် အင်အား ၃,၂၂၅ မဂ္ဂါဝပ်၊ ရေအားနဲ့ မလုံလောက်သော ကြောင့် သဘာ၀ ဓာတ်ငွေ့ စက်ရုံ ၁၆ ရုံမှ ၃,၃၄၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးရန် တပ်ဆင်ထားပါ တယ်၊ ဒါ့အပြင် ကျောက်မီးသွေး စက်ရုံ တစ်ရုံမှ ၁၂၀ မဂ္ဂဂါဝပ်ဖြင့် လည်း ထုတ်လုပ်ပေးနေ ပါတယ်၊ ထပ်မံပြီးတော့ နေရောင်ခြည် စွမ်းအင်သုံး စက်ရုံ တစ်ရုံမှ ၄၀ မဂ္ဂါဝပ်ကိုလည်း ထုတ်လုပ်ပေးလျက်ရှိပါတယ်၊ နှစ်စဉ် ဓာတ်အား သုံးစွဲမှု တိုးတက်မှု ရာခိုင်နှုန်းက ၁၅ ရာခိုင်နှုန်း ရှိတာကြောင့် လိုအပ်လာတဲ့ ဓာတ်အားတွေ ဖြည့် ဆည်းဖို့ LNG ဓာတ်ငွေ့သုံးပြီး ဓာတ်အား ထုတ်စက်ရုံ သုံးရုံမှ ၉၀၀ မဂ္ဂါဝပ်ကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်”ဟု လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါ ADB ချေးငွေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့် ရရှိရေး ဆောင်ရွက်ပေးမည့် စီမံကိန်း ဒေသ များ ရွေးချယ် ရာတွင် အိမ်ထောင်စု အလိုက် မီးလင်းပြီး ရာခိုင်နှုန်း နည်းပါးသော တိုင်း ဒေသကြီး နှင့် ပြည်နယ် များ၊ ဓာတ်အားစနစ်အရ လိုအပ်ချက် ရှိနေမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွား ထိခိုက်မှု အနည်းဆုံး ဖြစ်နိုင်ခြေရှိသည့် ဒေသ၊ ဒေသန္တရ အခြေအနေ တို့အပေါ် မူတည်ပြီး ရွေး ချယ် ခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် တို့တွင် မီးလင်း ပြီး ရာခိုင်နှုန်း နည်းပါးသောကြောင့် ဦးစားပေး ရွေးချယ်ခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့) တွင် ဓာတ်အားစနစ်ဖြင့် မီးလင်းပြီး အိမ်ထောင်စု ရာခိုင်နှုန်း များသော်လည်း ကျေးရွာ ၁,၅၃၅ ရွာ မီးလင်းရန် ကျန်ရှိနေသဖြင့် ပဲခူးနှင့် တောင်ငူ ပတ်ဝန်းကျင် တို့တွင် ၆၆ ကေဗီ ဓာတ်အား စနစ် သို့ ပြောင်းလဲတည်ဆောက်ရန် ဦးစားပေး ရွေးချယ်ရခြင်းဖြစ်ကြောင်း၊ မီးလင်းပြီး ရာခိုင်နှုန်း နည်းပါးသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့ တွင်လည်း ၆၆ ကေဗီ ဓာတ်အားလိုင်းနှင့် ခွဲရုံများ တည်ဆောက်ရန် လျာထား သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အဆိုပါ စီမံကိန်းများ ပြီးစီးမည် ဖြစ်ကြောင်း၊ စီမံကိန်းများ ပြီးစီးပါက အိမ်ထောင်စု ပေါင်း ၄၀၀,၃၀၀ ကို ဓာတ်အား တိုးချဲ့ ဖြန့်ဖြူး ရောင်းချရမည် ဖြစ်၍ တစ်နှစ်လျှင် ယူနစ် သန်းပေါင်း ၁၆၀ မှ ၂၉၀ အထိ တိုးချဲ့ ရရှိမည် ဖြစ်ပြီး တစ်နှစ် ဝင်ငွေ ကျပ် ၁၉ ဘီလီယံနှင့် ၃၄ ဘီလီယံ ခန့် ရရှိမည် ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လ ၁၅ သန်းမှ ၂၅ သန်းအထိ ရရှိမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ ချေးငွေရယူရေးနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း အစီအစဉ် ကို ၂၄ – ၇ – ၂၀၂၀ ရက် နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်များ ဖြစ်ကြသည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်း နှင့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြန်လည် ရှင်းလင်း ဆွေးနွေးအပြီး၌ လွှတ်တော် က သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)