Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တို့တွင် ငွေကျပ်သိန်း ၄,၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄.၁ သိန်း ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများကို သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တို့တွင် ငွေကျပ်သိန်း ၄,၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄.၁ သိန်း ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar ) ၏ ဖေဖော်ဝါရီ ၂၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ၂၃ ရက် ညနေ ၆ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်၊ မြကျွန်းသာပန်းခြံအနီးတွင် ကျော်ကိုလွင် မောင်းနှင်ပြီး လှထွေး (ခ)ကိုထွေး လိုက်ပါလာသည့် ISUZU BIGHORN မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ည ၇ နာရီအချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃၃) ရပ်ကွက်ရှိ ကျော်ကိုလွင် ၏နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား၂ .၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ကာလတန်ဖိုးငွေကျပ်သိန်း ၄၁၀၀ တန်ဖိုးရှိ စိတ် ကြွရူးသွပ်ဆေးပြား ၄ .၁ သိန်းသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)