Connect with us

Myanmar

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖမ်းဆီးရမိသော ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် တရားခံအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအနီးတွင် ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)က မတ်(၁)ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉ နာရီအချိန် အဆိုပါ ကျေးရွာအနီး တွင် LANDCRUISER မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ဆပ်ပြာခွက် ၄,၈၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ၊ ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ဘိန်းဖြူများသယ်ဆောင်မောင်းနှင်လာသူအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီအချိန်၌ ငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၈ သိန်းကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း CCDACထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)