Politics, Law & Military
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနား တက်ရောက်ရန် ရုရှားနိုင်ငံသို့ထွက်ခွာ

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ ဇွန်၂၂ ရက်နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွါသွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပြုလုပ်မည့် Great Patriotic War (1941-1945 ) အောင်နိုင်မှု (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။(Xinhua)