Connect with us

Science & Technology

ရခိုင်ပြည်နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း ၅၁ ဒသမ ၀၃ ရာခိုင်နှုန်း ပြီးစီး

သူဌေးရေအားလျှပ်စစ်စီမံကိန်းအား စစ်ဆေးမှုပြုလုပ်နေစဉ်(MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာရှိ သူဌေးချောင်းပေါ်၌ သူဌေးရေအား လျှပ်စစ် စီမံကိန်းတည်ဆောက်မှုလုပ်ငန်းသည် ၅၁ ဒသမ ၀၃ ရာခိုင်နှုန်း ပြီးစီးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သူဌေးချောင်းပေါ်တွင် ရေလှောင်တမံ တည်ဆောက်ပြီး ၁၁၁ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ပြီး ရခိုင်ပြည်နယ်အတွင်းလျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျအသုံးပြု သွားရန်နှင့် လေလွင့်ဆုံးရှုံးမှုမရှိရေး ဂရုစိုက်ဆောင်ရွက်သွားရန် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

သူဌေး ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ထို့နောက် အမှတ်(၂)ရေလွှဲဥမင်လိုဏ်အဝင်ပိုင်းနှင့် ရေထိန်း တံခါးပြွန် တူးဖော်ခြင်းလုပ်ငန်း၊ ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဥမင်လိုဏ်ခိုင်ခန့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် အထွက်ပိုင်း ကွန်ကရစ် သွန်းလောင်းနေမှုများကို ဥမင်လိုဏ်တစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးပြီး အမှတ်(၁)ရေလွှဲ ဥမင်လိုဏ်၏ ဖောက်လုပ်ပြီး စီးနေမှုကို မော်တော် ယာဉ်များဖြင့် ဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.