Connect with us

Science & Technology

အမှိုက် မှ စွမ်းအင် ထုတ်လုပ် သည် စက်ရုံ မြန်မာနိုင်ငံ တွင် ပထမဆုံး တည်ဆောက်မည်

ရန်ကုန်မြို့ နောက်ဖေး လမ်းကြားရှိ အမှိုက်ပုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အမေ ရိကန်ဒေါ်လာ ၁၆.၂ သန်း ကုန်ကျ မည့် အမှိုက် မှ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံကို မြန်မာနိုင်ငံ တွင် ပထမဆုံး စတင် တည်ဆောက် တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စက်ရုံအား ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် တောကျောင်း ကလေးသုသာန် ၌ တည်ဆောက် မည်ဖြစ်သည်။ အောက်တိုဘာ ၁၇ ရက်တွင် ပြည်ပ ကုမ္ပဏီတစ်ခုမှ စတင် တည်ဆောက် မည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ စက်ရုံသည် မြန်မာနိုင်ငံ ၌ ပထမ ဦးဆုံး စတင် တည်ဆောက်သည့် အမှိုက်မှ စွမ်းအင် ထုတ်လုပ်သော စက်ရုံ ဖြစ်ပြီး နိုင်ငံခြား အကူအညီ ၈.၂ သန်းနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အမေရိကန်ဒေါ်လာ ၈ သန်း အကုန်အကျခံ တည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။

အမှိုက် မှ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံ မှ တစ်ရက်လျှင် အမှိုက် တန်ချိန် ၆၀ မှ လျှပ် စစ် စွမ်းအင် ထုတ်လုပ် နိုင်မည် ဖြစ်ပြီး တစ်နာရီလျှင် ၇၀၀ ကီလိုဝပ် ပါဝါ ထွက်ရှိမည် ဖြစ်ကာ ၎င်း စက်ရုံကို နှစ်နှစ် စီမံကိန်းဖြင့် တည်ဆောက် မည်ဖြစ်ကြောင်း ၎င်း တာဝန်ရှိ သူကဆိုသည်။ အဆိုပါ စက်ရုံသည် ၂၀၁၇ ခုနှစ် မတ်လ တွင်ပြီးစီး နိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117