Connect with us

Social

ဂုတ်တွင်းလမ်းပိုင်း၌ လေးလမ်းသွားတံတား တည်ဆောက်ရန် အစိုးရထံ တင်ပြထား

ဂုတ်တွင်းလမ်းပိုင်းအတွင်း ယာဉ်များသွားလာနေပုံအားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြား၌ သွားလာရေးကြန့်ကြာမှုများ မကြာခဏဖြစ်ပွားနေသောကြောင့် ဂုတ်တွင်းလမ်းပိုင်းတွင် လေးလမ်းသွားတံတားတစ်စင်း တည်ဆောက်ရန် အစိုးရထံ တင်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါတံတားတည်ဆောက်ရေးအတွက် မြေယာတိုင်းတာခြင်းနှင့် စစ်ဆေးခြင်းကိုလုပ်ဆောင်ပြီးဖြစ်၍ နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် အိုရီရမ်တယ်ဟိုင်းဝေးကုမ္ပဏီတို့ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ယင်းတံတားသည် လေးလမ်းသွားတံတားဖြစ်ပြီး မီတာ၈၇၀ အရှည်ရှိကာ မြို့ရှောင်လမ်းသည် ၂၁ ဒသမ ၀၆ ကီလိုမီတာရှည်လျားမည်ဖြစ်ကြောင်း သိရသည်။

ဂုတ်တွင်းလမ်းပိုင်း တံတားတည်ဆောက်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ထံတင်ပြခဲ့ပြီး တံတားတည်ဆောက်ရေးအတွင်းပါဝင်နေသော မြေယာများကို လျော်ကြေးငွေပေးရန် စိစစ်နေ၍ယင်းလုပ်ငန်းစဉ်များပြီးစီးပါက စတင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.