Connect with us

Social

မြန်မာ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ချိတ်ဆက် လုပ်ဆောင်

ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသတွင် နေထိုင်သူ တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးမှုဘဏ် (ADB) ၊ ဂျာမန် ဖွံ့ဖြိုးရေးဘဏ် (KFW) ၊ LIFT Fund စသည့် နိုင်ငံတကာ အဖွဲ့အစည်း (၂၉) ဖွဲ့နှင့် ပူးပေါင်း ချိတ်ဆက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက် နေကြောင်း သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျေးလက်လမ်း/တံတား၊ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ ကျေးလက် မီးလင်းရေး လုပ်ငန်းများနှင့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများအား အမေရိကန် ဒေါ်လာ ၆၈၇.၃၃၅၄ သန်းနှင့် ယူရို ၂၇ သန်း တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ဟု မွေးရေ / ကျေးလက် ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဒေါက်တာ ခင်ဇော်က ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရေရှည် တည်တံ့ ခိုင်မြဲသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မူဘောင်များ၊ အစီအစဉ်များ၊ စီမံကိန်းများ ရေးဆွဲထားရှိရသည့် အပြင် ခိုင်မာသည့် ဥပဒေ တစ်ရပ် ပြဌာန်းထားရှိရန် လိုအပ်သည့် အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဥပဒေကို နိုင်ငံတော်မှ ချမှတ်ထားသည့် ရည်မှန်းချက်များ၊ တည်ဆဲ ဥပဒေများ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် အညီ ရေးဆွဲ ပြဌာန်းနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသည်။ ယင်း ဥပဒေ (မူကြမ်း) အား ကမ္ဘာ့ ဘဏ်မှ ပညာရှင်များ၊ NGOs၊ CSOsများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၏ အတွေ့အကြုံများ အပေါ်အခြေခံသည့် အကြံပြုချက်၊ သဘောထား အမြင်များအား လည်း ရယူ ဆောင်ရွက် သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117