Connect with us

Social

ရန်ကုန်တိုင်း ဒဂုံမြို ့သစ် (တောင်ပိုင်း) ၌ အငှားအိမ်ရာ တည်ဆောက်ရန် စီစဉ် ဆောင်ရွက်

ရန်ကုန်မြို့ရှိ လူနေ တိုက်ခန်းများ (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို ့နယ် ၊ အမှတ်(၂) လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ အစိုးရမြေ ဧရိယာ ၁၂.၅၃၄ ဧကတွင် ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ပုံစံ အဌားအိမ်ရာ တည်ဆောက်ရန် တင်ဒါခေါ်ယူ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထိုအဌား အိမ်ရာ ဆောက်လုပ်ရေး အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များအား တင်ဒါ ခေါ်ယူ ဆောင်ရွက်လျှက် ရှိပြီး တင်ဒါ အဆိုပြုလွှာ များအား အများရှေ့မှောက်တွင် ဖွင့်လှစ် မှတ်တမ်းတင်၍ သတ်မှတ်ထားသော နည်းပညာ ၊ စံချိန်စံညွှန်း ဈေးနှုန်း တို့နှင့် ကိုက်ညီသည့် ကုမ္ပဏီကို ကျွမ်းကျင်ပညာရှင် အဖွဲ့ဖြင့် စိစစ် ရွေးချယ်သွားမည်ဟု တင်ဒါ ခေါ်ယူရေး လုပ်ငန်းအဖွဲ့မှ သိရသည်။

ထိုပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အတွင်း တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးသင့် အိမ်ရာ၊ တန်ဖိုးမြင့် အိမ်ရာများ နှင့် ် ပြည်သူ့အငှား အိမ်ရာ အိမ်ခန်းပေါင်း ၃၀,၀၀၀ နီးပါး တည်ဆောက် သွားမည် ဖြစ်ပြီး ယခု အခါ ရန်ကုန်တိုင်း ဒေသကြီး အတွင်း အထပ်မြင့် အိမ်ရာ စီမံကိန်း တစ်ခုနှင့် တန်ဖိုးနည်း အိမ်ရာ ၁၀ ခု ဆောက် လုပ်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

အိမ်ရာ ကဏ္ဍတွင် နှစ် (၂၀) ရေရှည် ဖွံ့ဖြိုးရေး စီမံကိန်းဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ် အထိ အိမ်ရာယူနစ် တစ်သန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့တော်များနှင့် ဖွံ့ဖြိုးမှု အလားအလာ ရှိသည့် မြို့ကြီး (၈၁) မြို့၌ တည်ဆောက်ရန် ရည်မှန်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.