Connect with us

Social

မြန်မာပြည်၏ လူဦးရေ ၉၂ ရာခိုင်နှုန်းအား MPT မှ ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

MPT ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနေသည့် ပြည်သူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လက်ရှိ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ဆက်သွယ်ရေး ကွန်ရက်များအား တိုးချဲ့ခဲ့ပြီးနောက် မြန်မာပြည်၏ လူဦးရေ ၉၂ ရာခိုင်နှုန်းအား ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ည ၁၁ နာရီမှ မနက် ၇ နာရီအတွင်း အင်တာနက်အသုံးပြုလေ့ရှိသည့် သုံးစွဲသူများအတွက် “ဒေတာများနဲ့ည”အမည်ရှိ ညသုံး Data Package ကိုစတင်လိုက်ကြောင်း ကြေညာခဲ့သည့် ထုတ်ပြန်ချက်တွင် MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ” ဝန်ဆောင်မှုတွေ တိုးမြှင့်ပြီး သုံးစွဲသူတွေစိတ်ကျေနပ်မှုရစေဖို့က MPT ရဲ့ ၂၀၁၆ ခုနှစ်အတွက် အဓိကပန်းတိုင်ပါ၊ ခုဆိုရင် ကျွန်တော်တို့က ကွန်ရက်ကိုလည်းချဲ့ခဲ့ပြီး မြန်မာပြည်ရဲ့ လူဦးရေ ၉၂ ရာခိုင်နှုန်းကို ဝန်ဆောင်ပေးနိုင်ခဲ့ပါပြီ၊ အခုပြုလုပ်လိုက်တဲ့ ညအချိန်သုံး Data Package Promotion နဲ့ဆိုရင် သုံးစွဲသူတွေဟာ မြန်နှုန်းမြင့်အင်တာနက်ကို ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်မှာပါ၊ ဈေးသက်သာတဲ့ data package ဖြစ်တဲ့အတွက် ဖုန်းအင်တာနက်ကိုသုံးပြီး ဗွီဒီယိုကြည့်တာတွေ၊ ဂိမ်းကစားတာတွေနဲ့ တခြား ဒေတာအကုန်မြန်တဲ့ app သုံးစွဲမှုတွေကို စိတ်ကြိုက်သုံးနိုင်တော့မှာဖြစ်ပါတယ်၊” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် KDDI နှင့် Sumitomo အတူပူးပေါင်း၍ အမေရိကန်ဒေါ်လာ၂ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ဖုန်းအသုံးပြုသူပေါင်း ၁၈ သန်းကျော်ရှိပြီး ယခုအခါတွင် 2G နှင့် 3G နည်းပညာသုံးကွန်ရက် အဆောက်အဦး များကိုတစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် KDDI ကော်ပိုရေးရှင်း (KDDI) ၊ Sumitomo ကော်ပိုရေးရှင်း (Sumitomo) တို့နှင့် လုပ်ငန်းစပ်တူပူးပေါင်းရန် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး မိုဘိုင်းဆက်သွယ်ရေးနည်းပညာ ပိုမိုအဆင်ပြေလွယ်ကူစေရန် ကွန်ရက်များကိုတိုးချဲ့ခြင်းနှင့် နည်းပညာသစ်များကို အသုံးပြု၍ အရည်အသွေး မြင့် ဆက်သွယ်မှု ကွန်ရက်အား ပြည်သူအများသုံးစွဲစေနိုင်ရန် အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117