Connect with us

Social

နိုင်ငံခြား ဧည့်သည်များကို ခရီးစဉ် ဝန်ဆောင်မှု ပေးနေသော ယာဉ်များ လိုင်စင် ရယူ ထားခြင်း ရှိ/မရှိ စောင့်ကြပ် စိစစ်မှုများ ပြုလုပ်မည်

တာချီလိတ် နယ်စပ်ဝင်ပေါက်မှ တဆင့် ဝင်ထွက် လည်ပတ်နေသော နိုင်ငံခြား ခရီးသွား ဧည့်သည်များ၏ ယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-Ministry of Hotels & Tourism)

ရန်ကုန် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

နယ်စပ်ဒေသ နှင့် ပြည်တွင်း၌ ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြား ဧည့်သည်များကို ခရီးစဉ် ဝန်ဆောင်မှု ပေးနေသော ယာဉ်များအား လိုင်စင် ရယူထားခြင်း ရှိ/မရှိကို အောက်တိုဘာလ ၁ ရက် မှစ၍ စောင့်ကြပ် စိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။

ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသား ဧည့်သည်များအား မိမိတို့၏ ယာဉ်များဖြင့် ခရီးစဉ် ဝန်ဆောင်မူ ပေးမည် ဆိုပါက လုပ်ငန်းရှင်များသည် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ကို လျှောက်ထားရယူရန် လိုအပ်ကြောင်း ၊ အချို့ကမ္ဘာလှည့် ခရီးသည်များသည် ၎င်းတို့၏ မော်တော်ယာဉ်များဖြင့် နိုင်ငံအတွင်း ဖြတ်ကျော် ဝင်ရောက် လည်ပတ်သည့် ခရီးစဉ် (Caravan Tour) များကို သက်ဆိုင်ရာ ခရီးသွား ကုမ္ပဏီများမှ တဆင့် တင်ပြလာပါက ၎င်းတို့၏ ယာဉ်များဖြင့် ဝင်ရောက်ပြီး မြန်မာနိုင်ငံအတွင်း လည်ပတ်၍ ပြန်လည် ထွက်ခွာနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြား ဧည့်သည်များအား သယ်ယူပို့ဆောင် ဝန်ဆောင်မှု ပေးနေသော လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ယာဉ်များကို နီးစပ်ရာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ရုံးများတွင် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင်များ လျှောက်ထား ရယူသွားရန် လိုအပ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.