Connect with us

Social

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်းသည့် အခမ်းအနားသို့ တတ်ရောက်

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်းသည့် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝှမ်း ရေကြီး ရေလျှံမှုများကြောင့် ရေဘေးသင့် ပြည်သူများအတွက် ပြည်သူ့လွှတ်တော်မှ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို သြဂုတ်လ ၁၇ ရက် နေပြည်တော်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၌ ပြုလုပ်ရာ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ယခုကဲ့သို့လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ လှူဒါန်းသော အလှူငွေ ကျပ် ၄၁၃ သိန်း ပေးအပ် လှူဒါန်းခြင်း နှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စု လွှတ်တော် ရုံးဝန်ထမ်းများနှင့် လွှတ်တော် အထောက်အကူပြု အဖွဲ့ဝန်ထမ်းများမှ ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် အလှူငွေ ကျပ် ၁,၁၇၃,၅၀၀ အား လည်းကောင်း ၊ ပြည်သူ့လွှတ်တော်ရုံး ဝန်ထမ်းများက အလှူငွေ ကျပ် ၁,၁၀၂,၅၇၀ နှင့် ပစ္စည်းများအား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၊ ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ၊ ပြည်ထောင်စု လွှတ်တော် ရုံးဝန်ထမ်းများနှင့် လွှတ်တော် အထောက်အကူပြု အဖွဲ့ဝန်ထမ်းများ ၊ ပြည်သူ့လွှတ်တော်ရုံး ဝန်ထမ်းများနှင့် အတူ သက်ဆိုင်ရာ ဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)