Connect with us

Social

ဟားခါးမြို့ မြေပြိုသည့် ရပ်ကွက်များ အတွက် အကွက်သစ်များ ရှာဖွေသွားမည် ဟုဆို

ချင်းပြည်နယ် ဟားခါးမြို့ (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

မြေပြိုမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည့် ချင်းပြည်နယ်၏ မြို့တော် ဟာခါးမြို့ အတွက် မြေအနေအထားကို တိုင်းတာပြီး စိတ်ချရသည့် မြေအနေအထားတွင် အကွက်သစ်များ ဖော်ထုတ်သွားမှာ ဖြစ်ကြောင်း ဟားခါးမြို့၊ စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားရေးမှူး၊ ဘူမိဗေဒ လေ့လာရေးအဖွဲ့ အထောက်အကူပြု ကော်မတီ (အဖွဲ့ဝင်) ဦးထလာဟရဲက ဆင်ဟွာကို ယနေ့ ပြောသည်။

ဦးထလာဟရဲက “ဟားခါးမြို့ကို ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အကွက်သစ် ဖော်ပြီးဆောင် ရွက်သွားမှာပါ။ ဟားခါးမြို့မှာ ရပ်ကွက်ကြီး ၆ ခု ရှိတာ ၅ ရပ်ကွက်က မြေပြို ပျက်စီးပြီးထို ၅ ရပ်ကွက်မှာ ရပ်ကွက် ၂ ခုကတော့ အဆိုးဆုံး ဖြစ်ပါတယ်။ ဒီနေ့လည်း အကွက်သစ် ဖော်ဖို့ အတွက် အစည်းဝေးရှိပါတယ်။ ဒီနေ့ အစည်းအဝေးမှာတော့ ပြောင်းရွှေ့ဖို့ သင့်တော်နိုင်တဲ့ နေရာတွေကို မြေကြီး စမ်းသပ်မှုတွေ လုပ်ဖို့ နေရာ ကို ဆွေးနွေးကြမှာပါ’’ ဟု ပြောသည်။

နှင့် ပြည်ပ ပညာရှင် တွေလည်း ထပ်မံ အားဖြည့်ရန်ရှိကြောင်း ဆိုသည်။
ဟားခါးမြို့တွင် ယခင်က စံချိန်တင် မိုးရေချိန် လက်မက ၃ လက်မခွဲခန့်သာ ရှိသော်လည်း ပြီးခဲ့သည့် မိုးဆက်တိုက် ရွာသွန်းမှု ဖြစ်စဉ်တွင်တော့ မိုးရေချိန်လက်မ ၇.၁၆ လက်မခန့်အထိ စံချိန်သစ် တင်ခဲ့ကြောင်း ဦးထလာဟရဲက ဆိုသည်။

ဟားခါးမြို့သည် ပင်လယ် ရေမျက်နှာပြင်အထက် ၆,၂၁၀ ပေတွင် တည်ရှိသည့် တောင်ပေါ်မြို့လေး ဖြစ်ပြီး မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပေ ၇,၅၀၀ ရှိသည့် ရုန်းတောင် ပြိုကျ ပြီးနောက် မြေပြိုမှုများ ဆက်တိုက် ဖြစ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင်တော့ မြေပြိုမှုများ ရပ်တန့်သွားသော်လည်း လူများကတော့ စိုးရိမ်မှု ရှိနေကြကြောင်းဆိုသည်။

လက်ရှိတွင် ဟားခါးမြို့၌ ကယ်ဆယ်ရေး စခန်း ၇ ခု၊ အိမ်ထောင်စု ၁,၅၇၂ ၊ ဒုက္ခသည် ၇,၄၁၇ ယောက် ရှိကြောင်း၊ တောင်ပြိုမှုကြောင့် သေဆုံးမှု မရှိကြောင်း ဆိုသည်။ (Xinhua)