Connect with us

Social

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (အောက်မြန်မာနိုင်ငံ ညီလာခံ) တွေ့ဆုံပွဲနှင့် စာတမ်းဖတ်ပွဲ ကျင်းပ

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (အောက်မြန်မာနိုင်ငံ ညီလာခံ) တွေ့ဆုံပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ (အောက်မြန်မာနိုင်ငံ ညီလာခံ) အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့ ၌ ရန်ကုန်မြို့ YMCA ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား၌ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက မိန့်ခွန်း ပြောကြားရာတွင် ဘာသာကြီး (၄) ခု သည် တစ်ဖက်နှင့် တစ်ဖက် မေတ္တာတရားကို အခြေခံပြီး ကွဲပြား ခြားနားမှု မရှိဘဲ ညီညီညွတ်ညွတ် နေထိုင်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ဥက္ကဌ ဦးစိန်ဝင်းအောင်မှ ညီလာခံ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ယခင် အထက် မြန်မာနိုင်ငံတွင် ဆွေးနွေးခဲ့သော ရှေ့လုပ်ငန်းစဉ် (၈) ရပ်အပြင် ယခု ညီလာခံသို့တက်ရောက်လာသော ကိုယ်စားလှယ် အသီးသီးမှ ဆွေးနွေး တင်ပြချက်များ အပေါ်သုံးသပ်ပြီး ဆက်လက် အကောင်အထည် ဖော်သွားရန် ဖြစ်ကြောင်း ပြောကြားသည်။

ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ မှ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (အောက်မြန်မာနိုင်ငံ ညီလာခံ) တွေ့ဆုံပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား တွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ဥက္ကဌ ဦးစိန်ဝင်းအောင်မှ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (အောက်မြန်မာနိုင်ငံ ညီလာခံ) တွေ့ဆုံပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား တွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (အောက်မြန်မာနိုင်ငံ ညီလာခံ) တွေ့ဆုံပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား သို့ တက်ရောက်လာသူများ (ဆင်ဟွာ)

ဆက်လက် ပြောကြားရာတွင် ယနေ့ဖတ်ကြားမည့် စာတမ်းနှစ်ခုမှာ အမုန်းစကားနှင့် အမုန်းပွားမည့် ကိစ္စများ ရှောင်ရှားရေး စာတမ်းနှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စာတမ်းများ ဖြစ်ကြောင်း၊ ၎င်းစာတမ်းတို့၏ ရည်ရွယ်ချက်မှာ အဖွဲ့၏ လုပ်ဆောင်ချက်များအား အောက်ခြေအထိ တိုးချဲ့ လုပ်ဆောင် သွားရန်နှင့် ငြိမ်းချမ်းရေး အသိပညာပေးရန်၊ အမုန်းစကားများ လျော့ပါးသွားရေး လုပ်ဆောင်ရန် နှင့် ထိုသို့လျော့ပါးသွားသည့်အချိန်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အမှန်နှင့် အမှားကို ရောမွှေ၍ မိမိဆန္ဒနှင့် ယှဉ်သော ပဋိပက္ခ ဖြစ်စေမည့် ကောလဟာလ များကို မရေးသားဘဲ အမှန်သတင်းများကိုသာ ထုတ်နှုတ် ရေးသားကြရန် မီဒီယာများ အား တိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၃၂၆ ယောက် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)