Connect with us

Sport

ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ဝင်ရန် မြန်မာ လက်ရွေးစင် အသင်း ပေကျင်းမြို့တွင် လေ့ကျင့်မည်

မြန်မာလက်ရွေးစင် အမျိုးသား ဘောလုံးအသင်း ပြိုင်ပွဲဝင်နေပုံ (ဆင်ဟွာ)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် ၂၅ ဦးဖြင့် လေ့ကျင့် ပြင်ဆင်လျက်ရှိပြီး မေလ (၁၅) ရက်မှ စ၍ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် လေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် ဇွန်လဆန်းပိုင်းတွင် ခြေစစ်ပွဲကို အိမ်ကွင်းအဖြစ် ကစားရမည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆက်လက် လေ့ကျင့်မည်ဟု သိရသည်။

မြန်မာအသင်းသည် မတ်လ နောက်ဆုံးပတ်မှစ၍ အင်ဒိုနီးရှား လက်ရွေးစင်အသင်း အပါအဝင် ပြည်တွင်း အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲတွင် အုပ်စု (ဆ) ၌ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုအသင်းနှင့်အတူ ကျရောက်နေသည့် မြန်မာအသင်းသည် ဇွန်လ (၁၁) ရက်တွင် တောင်ကိုရီးယား အသင်းနှင့် အိမ်ကွင်းယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်မည့် မြန်မာ့ လက်ရွေးစင်အသင်းတွင် နည်းပြချုပ် အေဗရာမိုဗစ်၊ လက်ထောက်နည်းပြ ဆီကိုဗစ်၊ ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြဒီနို၊ ကစားသမားများအဖြစ် ဂိုးသမား ဗန်လားဟရွယ်၊ ရန်အောင်လင်း၊ ပြည့်ဖြိုးအောင်၊ ထက်လင်းဦး၊ ဇော်ထက်လင်း၊ ဇော်ရဲထွန်း၊ ဇော်ဝင်း၊ ခင်မောင်လွင်၊ ဇော်မင်းထွန်း၊ အောင်ဇော်၊ အလယ်တန်း ရန်အောင်ကျော်၊ ဒေးဗစ်ဒန်း၊ ကြည်လင်း၊ နန္ဒလင်းကျော်ချစ်၊ ပြည်မိုး၊ မင်းမင်းသူ၊ နိုင်လင်းဦး၊ ဟိန်းဇော်အောင်၊ ဆောင်လမန်၊ ကျော်ဇေယျာဝင်း၊ ရှေ့တန်းတွင် ကျော်ကိုကို၊ ဇင်မင်းထွန်းနှင့် စိုးမင်းနိုင်တို့ ပါဝင်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117