Connect with us

News

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မဲခေါင်မြစ်အတွင်း တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅.၃ တန် ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မဲခေါင်မြစ်အတွင်း တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅.၃ တန်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myamar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့နယ် မဲခေါင်မြစ်ကမ်းတစ်လျှောက် ဆိုက်ကပ်ထားသည့် စက်လှေပေါ်မှ ကျပ်သိန်းပေါင်း ၄,၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းအမှုတွင် သံသယရှိသူအား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)