ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန် ကျေးရွာ လွဲခမ်းတောင်ခြေအနီး ရှေး ဟောင်းတောရကျောင်း တောင်ထိပ်တွင် ပထမဆုံး ကျောက်စိမ်းစေတီ တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် တွန်းဇံမြို့နယ်တို့၌ ဘိန်းခင်း ဧက ၆၀ကျော် ကို ဖျက်ဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းကြောင်း ယနေ့ကျရောက်သော (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ အဆိုပါ...
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျပ် သိန်း ၇၃၁၂တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအရှေ့ပိုင်း မက်ဆာချူးဆက်ပြည်နယ် ဘရစ္စတိုမြို့တွင် ဒီဇင်ဘာ ၁ ရက် ညပိုင်းက ကျောင်းကြိုပို့ယာဉ်တစ်စီးသည် Berkley လမ်းဘေးတောအုပ်အတွင်းသို့ထိုးကျမှုဖြစ်ပွားခဲ့ရာ လူကြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမှတ်(၅) ရေတပ် တပ်မှူး Scott Stearney သည် ဒီဇင်ဘာ ၁ ရက်တွင် ဘာရိန်းနိုင်ငံ၌ သေဆုံးသွားကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံလုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunhwaပြည်နယ် Dera Ismail Khanဒေသ၌ ဖမ်းဝရမ်းထုတ်ထားသည့်အကြမ်းဖက်သမား တစ်ဦး အား ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဓါးစာခံ ၆ ဦးကို ကယ်ဆယ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ စစ်ဘက်ဆိုင် ရာ...
ရန်ကုန်၊ ဒီဇင်ဘာ၂ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း နေအိမ်ဆောက်လုပ်ပေးခြင်းအား လာမည့် ဘဏ္ဍာနှစ်၌ လိုအပ်သော ကျေးရွာများကို ဆက်လက်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ရက် (ဆင်ဟွာ) ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် Nissan UD (၂၂) ဘီးယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်းများ မပြသနိုင်သော ကျပ် ၉သန်းကျော် တန်ဖိုး လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။