Connect with us

Economy

နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ၂၀၁၅ -၂၀၁၆ တွင် လုပ်ငန်းပေါင်း ၁,၂၁၉ ခု ခွင့်ပြုခဲ့ကြောင်း သိရ

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နယ်စပ် ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ- နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အတွက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် တွင် လုပ်ငန်းပေါင်း ၉၅၈ ခု၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် တွင် လုပ်ငန်းပေါင်း ၁,၂၁၉ ခု တို့ ကို ခွင့်ပြုခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ က ပြောသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား အဓိကထား ဆောင်ရွက်ခြင်း ဖြစ်ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြု လုပ်ငန်းပေါင်း ၂,၃၃၉ ခု ရှိခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းစဉ် နှစ်ရပ်မှာ နယ်စပ် ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ် နှစ်ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရာ တွင် ဒေသခံ ပြည်သူများ အတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရေး အတွက် မူဝါဒ၊ လုပ်ငန်းစဉ်များ စနစ်တကျ ချမှတ် ဆောင်ရွက် နေပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို စီမံကိန်း ရေးဆွဲ ဆောင်ရွက်ရာ တွင် ဒေသခံ တိုင်းရင်းသား ပြည်သူများ အတွက် အမှန်တကယ် လိုအပ်ပြီး အကျိုးရှိသည့် လုပ်ငန်းများ ဖြစ်စေရေးအတွက် တာဝန်ရှိသူများ က စနစ်တကျ ကွင်းဆင်း လေ့လာ သုံးသပ်ပြီး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။ (Xinhua)