Connect with us

Economy

နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ တွင် တရုတ်ယွမ် နှင့် ဂျပန်ယန်း တို့ အားဆောင်ရွက်ခွင့်ပြု

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတကာပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer – AD) လိုင်စင်ရဘဏ်များတွင် တရုတ်ယွမ် (Chinese Yuan – RMB) နှင့် ဂျပန်ယန်း (Japanese Yen) တို့ အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ (Settlement Currencies) ဆောင်ရွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက်အား ယနေ့ထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတာဝန်ရှိသူတစ်ဦးက “နယ်စပ်ကုန်သွယ်ရေးမှာ ငွေပေးချေမှုတွေ ပိုပြီးအဆင်ပြေအောင်လို့ လုပ်တာပါ။ နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ အတွက် တရုတ်ယွမ်ငွေနဲ့ ဂျပန်ယန်းငွေ ကို ဆောင်ရွက်ခွင့်ပြုလိုက်တာပါ’’ ဟုဆင်ဟွာကိုပြောသည်။

၎င်းငွေကြေး နှစ်မျိုးအား နိုင်ငံတကာငွေပေးချေမှု နှင့် စာရင်းရှင်းလင်းမှုများဆောင်ရွက်ရန် AD လိုင်စင်ရဘဏ်အချင်းချင်း အပြန်အလှန်စာရင်းဖွင့်လှစ်ခြင်း နှင့် စာရင်းရှင်းလင်းပေးချေခြင်းတို့မှ အပ လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် တရားဝင်အဖွဲ့အစည်းများအတွက် ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားချက်တွင် ပါရှိသည်။

ယခင်က နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ အတွက် ယူရိုငွေ၊ အမေရိကန်ဒေါ်လာ နှင့် စကာၤပူဒေါ်လာ တို့အားဆောင်ရွက်ခွင့်ပြုခဲ့ရာမှ ယခုအခါ တရုတ်ယွမ် (Chinese Yuan – RMB) နှင့် ဂျပန်ယန်း (Japanese Yen) တို့ ကိုပါထပ်တိုးခွင့်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117