Connect with us

Economy

မြန်မာ-တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သည် နှစ်နိုင်ငံ ရှေ့ဆက် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု များအတွက် အခြေခံကောင်း ဖြစ်စေခဲ့

မန္တလေးမြို့ရှိ မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ခွဲဝေရေး စခန်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သည် တရုတ်-မြန်မာ နှစ်နိုင်ငံ အကြီးဆုံးသော ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ခဲ့ပြီး နှစ်နိုင်ငံ ရှေ့ဆက် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု များအတွက် အခြေခံကောင်း ဖြစ်စေခဲ့ကြောင်း မြန်မာ-တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ အရှေ့တောင် အာရှ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ကုမ္ပဏီ ၏ ရန်ကုန် ဌာနခွဲ ညွှန်ကြားရေးမှူး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှုများအား ဖြေကြားရာတွင် ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် မြန်မာ နိုင်ငံ တောင်ပိုင်းရှိ ကျောက်ဖြူမြို့မှ စတင်ကာ မြောက်ပိုင်းတွင် တရုတ် နိုင်ငံ ရွှေလီမြို့ နှင့် ဆက်သွယ်ထားသည့် ပိုက်လိုင်း တစ်ခု ဖြစ်ကြောင်း ၊ စီမံကိန်း သည် နိုင်ငံ ၄ နိုင်ငံ နှင့် ကုမ္ပဏီ ၆ ခု အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြသည့် အပြည်ပြည်ဆိုင်ရာ စီမံကိန်းကြီး တစ်ခုဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ၊ မကွေးတိုင်း ၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ် စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၄ ခုကိုဖြတ်သန်း ဆက်သွယ်ထားသော ပိုက်လိုင်း တစ်ခုဖြစ်ကြောင်း ၊ ရေနံ ပိုက်လိုင်း အနေဖြင့် ၇၇၁ ကီလိုမီတာ ရှည်လျားပြီး သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအနေဖြင့် ၇၉၄ ကီလိုမီတာ ရှည်လျားကြောင်း ၊ နှစ်စဉ် ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း နှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ ပို့ဆောင်နိုင်ရန် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားကြောင်း ၊ ယင်းပိုက်လိုင်း နှစ်ခု မှာ နှစ်စဉ် မြန်မာ နိုင်ငံ အတွင်း ရေနံစိမ်း တန်ချိန် ၂ သန်း နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ ကို ဖြန့်ဝေ ပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်၍ ကျောက်ဖြူ ၊ ရေနံချောင်း ၊ တောင်သာ နှင့် မန္တလေး စသည့် မြို့လေးမြို့တွင် ဖြန့်ဝေ ထုတ်ယူမှု များကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့ရှိ မြန်မာ-တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်ရေး စင်တာ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ပိုက်လိုင်း စီမံကိန်း သည် မြန်မာ နိုင်ငံအတွက် အကျိုးအမြတ် များစွာ ဖြစ်ထွန်းစေပြီး ပိုက်လိုင်း စီမံကိန်း မှ တစ်ဆင့် အခွန်ဝင်ငွေ ၊ ရင်းနှီးမြှုပ်နှံမှု အမြတ်ငွေ ၊ Rightway Fee ၊ Tramsmit Fee ၊ Training ရန်ပုံငွေ နှင့် လူမှုစီးပွားရေး ပံ့ပိုးငွေများ ရရှိစေနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တွန်းအား ဖြစ်စေကြောင်း ၊ ပိုက်လိုင်း တစ်လျှောက်ရှိ စက်မှုလုပ်ငန်းများအတွက် သဘာဝ ဓာတ်ငွေ့များ ထောက်ပံ့ပေးနိုင်ခဲ့ပြီး စက်မှုလုပ်ငန်းများ လည်ပတ်ရန် အတွက် အကျိုးပြုစေခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်း ရှိ သဘာဝ ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပို့ဆောင်ပေးခဲ့ရာတွင် ယခုချိန်၌ ကျောက်ဖြူမြို့နယ်တွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိနိုင်ခဲ့ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ပိုက်လိုင်း စီမံကိန်း သည် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း ၏ ရှေ့ပြေးစီမံကိန်း ဖြစ်ခဲ့ပြီး BCIM စီးပွားရေး စြင်္ကန် အတွက်လည်း စံနမူနာကောင်း များဖြစ်စေခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့ရှိ မြန်မာ-တရုတ် ပိုက်လိုင်း အရံပစ္စည်း ထားရှိရာ သိုလှောင်ရုံအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်စဉ် ကာလ အတွင်း မြန်မာ နိုင်ငံသား ဝန်ထမ်းများ အသုံးပြုခဲ့ပြီး ဒေသတွင်း လုပ်ငန်း ကုမ္ပဏီ ပေါင်း ၂၂၀ ကျော်မှာလည်း စီမံကိန်းတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြောင်း ၊ လုပ်ငန်းဆောင်ရွက်စဉ် ကာလ အတွင်း မြန်မာ နိုင်ငံ မှ တက္ကသိုလ် ကျောင်းသား ၅၈ ဦးကို ရွေးချယ်ပြီး ရန်ကုန် နှင့် တရုတ် နိုင်ငံ ရှိတက္ကသိုလ် များကို စေလွှတ်ပေးခဲ့ပြီး ခေတ်မီ နည်းပညာ ဗဟုသုတ နှင့် အတွေ့အကြုံများ ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ် တွင် မြန်မာ နိုင်ငံသား ထူးချွန်ဝန်ထမ်း ၂ ဦးကို တရုတ် နိုင်ငံ သို့ မာစတာဘွဲ့ ဆက်လက် သင်ကြားရန် ပို့ဆောင်ပေးခဲ့ကြောင်း ၊ လက်ရှိချိန်တွင် စီမံကိန်း တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း ၁၀၉၈ ဦးရှိရာတွင် မြန်မာ နိုင်ငံသား ဝန်ထမ်း ၈၂၈ ဦးရှိခဲ့ပြီး ဝန်ထမ်း စုစုပေါင်း ၏ ၇၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

မန္တလေးမြို့ရှိ မြန်မာ-တရုတ် ပိုက်လိုင်း အရေးပေါ် ကိစ္စရပ်များ ဆောင်ရွက်ရန် အတွက် ကားများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ သဖန်းလိုင်း ပရဟိတ ဘုန်တော်ကြီးကျောင်းတွင် စာအုပ်များပေးဝေနေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ လှူဒါန်းသည့် သဖန်းလိုင်း ပရဟိတ ဘုန်တော်ကြီးကျောင်း စာကြည့်တိုက်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သည် နိုင်ငံတကာ စံနှုန်းများကို လိုက်နာဆောင်ရွက် ခဲ့ပြီး မြန်မာ နိုင်ငံ ဥပဒေများနှင့် အညီ ဆောင်ရွက်ခဲ့ကာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တိုင်းတွင်လည်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ၊ ဒီဇိုင်းရေးဆွဲစဉ် ကာလ တွင်လည်း မြန်မာ နိုင်ငံ ရှိ အရေးကြီး အဆောက်အဦ များနှင့် ယဉ်ကျေးမှု အဆောက်အဦ များကို ထိခိုက်မှု မရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တရုတ်-မြန်မာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း နှင့် ရေနံ ပိုက်လိုင်း စီမံကိန်း မှ ၂၀၁၆ ခုနှစ် ၁၁ လကုန် အထိ မြန်မာ နိုင်ငံ အတွင်း လူမှုဘဝ မြှင့်တင်ရေး နှင့် ပရဟိတ လုပ်ငန်းများအတွက် လှူဒါန်းကူညီဆောင်ရွက်မှု များအတွက် အမေရိကန် ဒေါ်လာ ၂၄ သန်း အသုံးပြုခဲ့ပြီး စာသင်ကျောင်းပေါင်း ၇၂ ကျောင်း အပါအဝင် ဆေရုံ နှင့် ကျန်းမာရေးဆိုင်ရာများ ၊ ဘိုးဘွားရိပ်သာများ ၊ ရေတွင်းများ ၊ လျှပ်စစ်ပိုင်းဆိုင်ရာများ ၊ လမ်းပန်းဆက်သွယ်ရေး နှင့် ဆက်သွယ်ရေး စသည့် လုပ်ငန်းများကို လှူဒါန်း ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)