Connect with us

Economy

၂၀၁၇ ခုနှစ် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း နှစ်ပတ်လည် အခမ်းအနား နှင့် အထည်ချုပ် လုပ်ငန်းဆိုင်ရာ အသင်းခွဲ တည်ထောင်ခြင်း အခမ်းအနား ကျင်းပ

၂၀၁၇ ခုနှစ် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း နှစ်ပတ်လည် အခမ်းအနား နှင့် အထည်ချုပ် လုပ်ငန်းဆိုင်ရာ အသင်းခွဲ တည်ထောင်ခြင်း အခမ်းအနား စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း နှစ်ပတ်လည် အခမ်းအနား နှင့် အထည်ချုပ် လုပ်ငန်းဆိုင်ရာ အသင်းခွဲ တည်ထောင်ခြင်း အခမ်းအနား ကို ဧပြီလ ၂ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ Melia ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဝန်ကြီးများ ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူးး ရှဲကော်ရှန် ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ Mr.Liu Ying နှင့် ဒုတိယ အမြဲတမ်း ဥက္ကဋ္ဌ Mr.Luo Jun ၊စီးပွားရေး လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား
ဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံ ၏ လိုအပ်ချက် နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် များဖြင့် ပိုမိုကောင်းမွန်အောင် ချိတ်ဆက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု များကို တွန်းအားပေး ဆောင်ရွက်သွားပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု များမှ တစ်ဆင့် မြန်မာ နိုင်ငံ အတွင်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေး သွားပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် အားဖြည့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ယခုနှစ်ပိုင်း တွင် မြန်မာ နိုင်ငံ သို့လာရောက် ရင်းနှီးမြှုပ်နှံသည့် တရုတ် နိုင်ငံ မှ စက်ရုံ ပေါင်း ၃၀၀ ကျော်ရှိခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း နှစ်သိန်းကျော် ဖန်တီးပေး နိုင်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်း ကုမ္ပဏီ များအနေဖြင့် မြန်မာ နိုင်ငံ မှ ပြဋ္ဌာန်းထားသည့် ဥပဒေများကို လိုက်နာဆောင်ရွက်ပြီး မြန်မာ နိုင်ငံ ၏ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို လေးစားမှု ထားရှိရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရ ၏ ထောက်ခံအားပေးမှု ဖြင့် ရန်ကုန်မြို့ အနာဂတ် တိုးတက်ဖွံ့ဖြိုးရေး နှင့် တရုတ်-မြန်မာနှစ်နိုင်ငံ အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် ဆောင်ရွက် ပေးသွားနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူးး ရှဲကော်ရှန် က မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ Mr.Liu Ying မိန့်ခွန်း
ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဒုတိယ အမြဲတမ်း ဥက္ကဋ္ဌ Mr.Luo Jun မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကမိန့်ခွန်းပြောကြားရာတွင် ရန်ကုန်မြို့ ရှိ အထည်ချုပ်လုပ်ငန်းပေါင်း ၄၀၀ ကျော်ရှိသည့် အနက် ၃၀၀ ကျော်မှာ တရုတ် နိုင်ငံ မှ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် ခက်အခဲများကို ဆက်သွယ်ပြောကြားစေလိုပြီးကူညီဖြေရှင်းပေးလိုကြောင်း ၊ အထည်ချုပ်လုပ်ငန်း သည် အချိန်တို အတွင်း ဖော်ဆောင်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း များစွာဖန်တီးပေးနိုင်သဖြင့် အစိုးရ သစ်မှ အလေးထားဆောင်ရွက် ခဲ့သည့်ဆောင်ရွက်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ၊ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် အထည်ချုပ်လုပ်ငန်း အား လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကာအဆင်ပြေချောမွေ့စေရန်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၇ ခုနှစ် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း နှစ်ပတ်လည် အခမ်းအနား နှင့် အထည်ချုပ် လုပ်ငန်းဆိုင်ရာ အသင်းခွဲ
တည်ထောင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေးသံမှူးးရှဲကော်ရှန် က မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံကုန်သည် လုပ်ငန်းရှင်ကြီးများအသင်းဆိုင်ရာကိစ္စရပ်များအား ပြောကြားခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်း ဆိုင်ရာ ကိစ္စများမှ ကြုံတွေ့နေရသည့် စိန်ခေါ်မှု များနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု များနှင့် ပတ်သက်၍ ပြောကြားပေး ခဲ့သည်။

ထို့နောက်တွင် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ Mr.Liu Ying က အသင်း အဖွဲ့ဝင်များ အနေဖြင့် သတိပြုရမည့် အချက်များကို မှာကြားခဲ့ပြီး ဒုတိယ အမြဲတမ်း ဥက္ကဋ္ဌ Mr.Luo Jun က အသင်း စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံ ရှိ တရုတ်နိုင်ငံကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း အထည်ချုပ် လုပ်ငန်းဆိုင်ရာ အသင်းခွဲ မှ အဖွဲ့ဝင် Mr.Wang Zhiping နှင့် Mr.Shi Kun တို့မှ အသင်း ထူထောင် နိုင်ခဲ့ခြင်း နှင့် ပတ်သက်၍ ကျေးဇူးတင် စကားပြောကြား ခဲ့ကြသည်။

နောက်ဆုံးတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူးး ရှဲကော်ရှန် မှ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ အား အထည်ချုပ် လုပ်ငန်းဆိုင်ရာ အသင်းခွဲ လုပ်ငန်းဆောင်ရွက်မှု လိုင်စင်အား ပေးအပ် ခဲ့ပြီး အခမ်းအနားပြီးဆုံးကြောင်း ကြေညာ ခဲ့သည်။(Xinhua)