Connect with us

Economy

တရုတ်နိုင်ငံ CIDCA နှင့် မြန်မာ ဝန်ကြီးဌာန နှစ်ခုတို့ Exchange Letter လက်မှတ်ရေးထိုး

CIDCA (China International Development Cooperation Agency)Vice-chairman Mr. Deng Boqing နှင့် တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Hong Liang တို့  ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၄ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ CIDCA (China International Development Cooperation Agency) နှင့် မြန်မာနိုင်ငံမှ ဝန်ကြီးဌာန နှစ်ခုတို့ Exchange Letter လက်မှတ်ရေးထိုးခြင်းကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း တက်ရောက်ခဲ့ပြီး ၎င်း၏ ရှေ့မှောက်တွင် စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့ ့က CIDCA နှင့် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

CIDCA Vice-chairman Mr. Deng Boqing နှင့် ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၏ ရှေ့မှောက်တွင် Exchange Letter များ လက်မှတ်ရေးထိုးကြစဉ် (ဆင်ဟွာ)

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

CIDCA (China International Development Cooperation Agency)Vice-chairman Mr.Deng Boqing အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ စာချုပ်များနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်က “စက်မှု ဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးတဲ့ စီမံကိန်းက နည်း ပညာ ဆိုင်ရာ စွမ်းဆောင်ရည် တိုးတက် စေခြင်းကို အထောက်အကူပြုတဲ့ စီမံကိန်း(The Exchange letter on upgrading Project for No.(2) Industrial Training Center, Mandalay) ဖြစ်ပြီးတော့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးတဲ့ (The exchange letter on the Project for the Passenger Coaches under the Chinese interest free loan) ကတော့ ကျွန်တော်တို့ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှာ ပိုမို အဆင်ပြေဖို့ အထောက်အကူပြု ပေးမယ့် စီမံကိန်းတွေပဲ ဖြစ်ပါတယ်” ဟု ၎င်း၏ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုစီမံကိန်းများသည် မြန်မာနိုင်ငံက လက်ရှိ ကျင့်သုံးနေသည့် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး မဏ္ဍိုင်များ၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှု ရှိသည့်အတွက်လည်း လှိုက်လှဲစွာ ကြိုဆိုပါကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “ဒီနေ့အစည်းအဝေးဟာ မြန်မာနိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတွေကို လွယ်ကူ ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် အမြင်ချင်း ပွင့်ပွင့် လင်းလင်း ဖလှယ်နိုင်ဖို့စီစဉ်ဆောင်ရွက်တဲ့ အစည်းအဝေးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနတို့က Coordination ministries တွေဖြစ်တဲ့ အတွက် သူတို့ တွေ့ကြုံရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အသေးစိတ် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ CIDCA (China International Development Cooperation Agency) အနေနဲ့လည်း ကိုယ် တွေ့ကြုံရတဲ့ အားနည်းချက်တွေ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးကြဖို့ မေတ္တာရပ်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ထိထိရောက်ရောက် အကျိုးပြုနိုင်တဲ့ အစည်းအဝေး ဖြစ်မယ်ဆိုတာကို ယုံကြည်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် CIDCA (China International Development Cooperation Agency)မှ Vice-chairman Mr. Deng Boqing က နှုတ်ခွန်းဆက် အမှာစကား ပြန်လည်ပြောကြားခဲ့ပြီး ဆက်လက် ဆွေးနွေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.